Connect with us

Asia

အိန္ဒိယတွင် စက်လှေတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေ

ပျောက်ဆုံးနေသူများအား ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်သည်ကို တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ စက်တင်ဘာ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အာသံပြည်နယ်၊ Kamrupခရိုင် Brahmaputraမြစ်တွင် စက်တင်ဘာ ၅ ရက်က စက်လှေတစ်စီးတိမ်းမှောက်မှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၁၁ ဦး ပျောက်ဆုံးနေကြောင်း သိရသည်။

အဆိုပါ စက်လှေ တိမ်းမှောက်မှုသည် စက်တင်ဘာ ၅ ရက်နေ့ ဒေသစံတော်ချိန် ညနေ ၂ နာရီခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စက်လှေပေါ်တွင် ခရီးသည် ၃၆ ဦး ပါရှိကြောင်း ၊လက်ရှိတွင် ၁၀ ဦးကို ကယ်ဆယ်ထားပြီဖြစ်ကြောင်းနှင့် အခြား ၁၂ ဦးကိုလည်း အသက်ရှင်လျက်တွေ့ရှိရကြောင်း ကူညီ ကယ်ဆယ်မှု များကို တာဝန်ယူဆောင်ရွက်နေသည့် Kamrupခရိုင် အရာရှိ Baishya က ဆင်ဟွာကို ပြောကြားခဲ့သည်။

စက်လှေပေါ်တွင် ခရီးသည် ၂၂ ဦးသာ သင်္ဘောလက်မှတ် ကိုင်ဆောင်ထားကြောင်း ၊ ထို့အပြင် သင်္ဘောပေါ်၌ မော်တော်ဆိုင်ကယ် ၁၈ စီးကိုလည်း တရားမဝင်တင်ဆောင်ထားရာ သတ်မှတ်ထား သည့်အလေးချိန်ထက် ပို၍ တင်ဆောင်လာကြောင်း Baishya ကပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.