Connect with us

Asia

အိန္ဒိယတွင် ယာဉ်မတော်တဆမှုကြောင့် လူ ၁၁ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ယခင်ကဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဒီဇင်ဘာ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း Maharashtra ပြည်နယ် တွင် ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ရာ အမျိုးသမီး ၇ ဦး နှင့် ကလေးငယ် ၂ဦးအပါအဝင် အနည်းဆုံး လူ ၁၁ဦးသေဆုံးခဲ့ပြီး အခြားလူ ၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြည်တွင်းမီဒီယာက ဒီဇင်ဘာ ၉ ရက်တွင်ဖော်ပြခဲ့သည်။

Maharashtra ပြည်နယ် Chandrapur ခရိုင်တွင် ဒီဇင်ဘာ ၈ရက် ညပိုင်းက ကုန်တင်ကားတစ်စီးသည် ဗင်ကားတစ်စီးအား ဝင်တိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဗင်ကားသည် ခရီးသည် ၁၅ဦးကို တင်ဆောင်၍ Korpana-Wani လမ်းပေါ်တွင် မောင်းနှင်နေခြင်းဖြစ်ကြောင်း သိရသည်။

အသက် တစ်နှစ်အရွယ် ကလေးငယ်တစ်ဦးမှာ ထိခိုက်ဒဏ်ရာမရရှိဘဲ အသက်ရှင်ကျန်ရစ်ခဲ့ကြောင်း ပြည်တွင်းသတင်း၌ဖော်ပြခဲ့သည်။

ဒဏ်ရာရရှိသူများကို ပြည်တွင်းဆေးရုံတစ်ရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း နှင့် ကုန်တင်ကား ဒရိုင်ဘာသည် အခင်းဖြစ်ပွားရာမှ ထွက်ပြေးသွားကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

အချင်းဖြစ်ကိစ္စနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.