Connect with us

Asia

အိန္ဒိယနိုင်ငံသည် အနိမ့်ပိုင်းဂြိုဟ်ပတ်လမ်းကြောင်း ပေါ်မှ ဂြိုဟ်တုတစ်လုံးအား ပစ်ချခဲ့ကြောင်း ဝန်ကြီးချုပ်ပြောကြား

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ မိန့်ခွန်းပြောကြားမှုအား တီဗီ၌တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။

မိုဒီက ယင်းဆောင်ရွက်မှုနှင့် အတူ အိန္ဒိယနိုင်ငံသည် အာကာသနယ်ပယ်တွင် အင်အားကြီးသူတစ်ဦးဖြစ်လာပြီး အာကာသနည်းပညာပြိုင်ပွဲ၌ ကြီးကျယ်ခမ်းနားသူများအကြား စာရင်းဝင်နိုင်ခဲ့ပြီဖြစ်ကြောင်းပြောကြားခဲ့သည်။၎င်း၏ ပြောကြားချက်အရ အဆိုပါ လုပ်ဆောင်ချက်သည် အိန္ဒိယနိုင်ငံ၏ လုံခြုံရေး၊ စီးပွားရေးတိုးတက်မှု နှင့် နည်းပညာအဆင့်မြှင့်တင်မှုတို့ကို ရှေ့ဆက်ဆောင်ရွက်ရန် အရေးကြီးသော ခြေလှမ်းတစ်ခုဖြစ်လာကြောင်း သိရသည်။မိုဒီသည် ၎င်း၏ မိန့်ခွန်းအတွင်း ယင်းဖြစ်စဉ် နှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ပြောကြားခဲ့ခြင်းမရှိကြောင်း သိရသည်။ (Xinhua)