Connect with us

Asia

အိန္ဒိယနိုင်ငံ၌ ဘတ်စ်ကားမတော်တဆမှုဖြစ်ပွားရာ ကလေးငယ် ၁ဝ ဦးသေဆုံး

အိန္ဒိယနိုင်ငံ၌ ဒီဇင်ဘာ ၂၂ ရက်တွင် ဖြစ်ပွားခဲ့သော ဘတ်စ်ကားတိမ်းမှောက်မှုအားတွေ့ ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၃ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ဂူဂျာရတ်ပြည်နယ်(Gujarat) ၊ ဒန်း(Dang) ခရိုင်အတွင်းရှိ တောအုပ်တစ်ခု၌ ဒီဇင်ဘာ ၂၂ ရက်ညနေပိုင်းက ခရီးသည်တင်ဘတ်စ်ကားတစ်စီး လျှိုမြောက်တစ်ခုထဲသို့ထိုးကျမှုဖြစ်ပွားခဲ့ရာ ကလေးငယ် ၁ဝ ဦးသေဆုံးပြီး အခြား ကလေးငယ် ၁ဝ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိသွားကြောင်း India Express သတင်းက ဆိုသည်။

ကလေးငယ် ၆ဝ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ကြောင်း နှင့် ၎င်းတို့အား နီးစပ်ရာဆေးရုံတစ်ခုသို့ပို့ဆောင်ပေးထားကြောင်း သိရသည်။ ပျောက်ဆုံးနေသော အခြားကလေးငယ် ၃ ဦးကို ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများက ၏ပြောကြားချက်ကို ကိုးကား၍ သတင်းက ဆိုသည်။

အချင်းဖြစ်နေရာသည် Mahal နှင့် Badripada တောအုပ်နှစ်ခုစပ်အကြားတွင်ဖြစ်ကြောင်း ၊ ဘတ်စ်ကားပေါ်တွင် ကျောင်းသားကျောင်းသူ စုစုပေါင်း ၇ဝ ကျော်လိုက်ပါလာခဲ့ကြောင်း နှင့် ယာဉ်မောင်းမှာ အရှိန်မထိန်နိုင်သဖြင့် လျှိုအတွင်းသို့ကားပြုတ်ကျသွားခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့သတင်းအရင်းအမြစ်က ဆိုသည်။

Ahwa ပြည်သူ့ဆေးရုံမှ ဆေးမှူးချုပ် Suresh Pawar က ကလေးငယ် ၁ဝ ဦးသေဆုံးပြီး အခြား ၁ဝ ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း နှင့် ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။(Xinhua)