Connect with us

Asia

အိန္ဒိယနိုင်ငံ တွင် သက်ငယ်မုဒိမ်းမှု ကျုးလွန်သူများအား သေဒဏ်ပေးရန် သမ္မတ ခွင့်ပြု

အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအစိုးရသည် ဧပြီ ၂၁ ရက်တွင် ပြုလုပ်ခဲ့သော ဝန်ကြီးများ အစည်းအဝေးပွဲအတွင်း အသက် ၁၂နှစ်အောင် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးခြင်းအပါအဝင် ပြင်းထန်သည့် ပြစ်ဒဏ်များ ချမှတ်ခြင်းအတွက် လမ်းဖွင့်ပေးမည့် ဆုံးဖြတ်ချက်ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။

ယခုချမှတ်လိုက်သည့် အမိန့်ညွှန်ကြားချက်အရ အသက် ၁၂နှစ်အရွယ် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို သေဒဏ်ပေးသွားမည်ဖြစ်ပြီး အသက် ၁၆နှစ်အောက် ၁၂နှစ်အရွယ် မိန်းကလေးငယ်များအား အဓမ္မပြုကျင့်သူများကို အနည်းဆုံး ပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၀ နှစ်မှ ၂၀နှစ်အထိ ချမှတ်သွားနိုင်သည့်အပြင် ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပါ တိုးမြှင့်ချမှတ်နိုင်ကြောင်း သိရသည်။

ထို့ပြင် အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများအတွက် အနိမ့်ဆုံး ထောင်ဒဏ် ၇နှစ်မှ ၁၀နှစ်အထိ ချမှတ်နိုင်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိပါ တိုးမြှင့်ချမှတ်နိုင်ကြောင်း သိရသည်။ဥပဒေသစ်သည် အဓမ္မပြုကျင့်မှု ဖြစ်စဉ်များအား လျင်မြန်စွာ စုံစမ်းစစ်ဆေးပြီး တရားစီရင်သွားနိုင်ရန်လည်း ထောက်ပံ့ဖြည့်ဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းဥပဒေအရ အသက် ၁၆နှစ်အောက် မိန်းကလေးငယ်များအား တစ်ဦးချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ အဓမ္မပြုကျင့်သည်ဟု စွပ်စွဲခံရပါက တရားခံအနေဖြင့် အာမခံရရှိမည်မဟုတ်ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ က ထိန်းချုပ်ထားသည့် Kashmir ဒေသ ရှိ Kathua ခရိုင်တွင် အသက် ၈နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အဓမ္မပြုကျင့်သတ်ဖြတ်ခံရသည့်အတွက် ပြည်သူများက ဒေါသထွက်နေချိန်တွင် ယင်းဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ အမျိုးသမီးများ နှင့် မိန်းကလေးများအပေါ် လိင်ပိုင်းဆိုင်ရာတိုက်ခိုက်မှုများကြောင့် ၎င်းတို့၏ နေ့စဉ်ဘဝလုံခြုံရေးအတွက် မေးခွန်းထုတ်စရာတစ်ခုဖြစ်လာခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.