Connect with us

Asia

အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ဖြစ်ပွားသည့် အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေ ၁၄ ဦးအထိ မြင့်တက်လာ

အိန္ဒိယနိုင်ငံတွင် ပြိုကျပျက်စီးခဲ့သည် အဆောက်အဦတစ်ခုအား တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ၊ ဇူလိုင် ၁၆ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ်ပရာဒက်ရ်ှ(Himachal Pradesh)ပြည်နယ် ဆိုလန်(Solan)ဒေသ၌ ဇူလိုင် ၁၄ ရက်က ဖြစ်ပွားသော အဆောက်အဦပြိုကျမှုတွင် သေဆုံးသူဦးရေသည် ၁၄ ဦး အထိ မြင့်တက်လာပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇူလိုင် ၁၅ ရက်တွင် ပြောကြားခဲ့သည်။

အချင်းဖြစ်ပွားရာနေရာတွင် ကူညီကယ်ဆယ်ရေးသမားများက သေဆုံးသူ ရုပ်အလောင်း ၁၄ ခုကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၊ သေဆုံးသူများတွင် ၁၃ ဦးသည် တပ်ဖွဲ့ဝင်များဖြစ်ပြီး ၁ ဦးမှာ အရပ်သား အမျိုးသမီးဖြစ်ကြောင်း ဆိုလန်ဒေသ ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။

The Indian Express သတင်းစာ၏ သတင်းများအရ အချင်းဖြစ်နေရာတွင် ပိတ်မိနေသည့် တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် အရပ်သား ၁၂ ဦးကို ကယ်ဆယ်ပြီဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်က အိန္ဒိယတပ်ဖွဲ့ဝင် ၄၀ ကျော်သည် အဆိုပါအဆောက်အဦတွင် စားသောက်နေခဲ့ရာ မိုးသည်းထန်စွာရွာချခဲ့ကြောင်း ၊ ထို့နောက် မကြာမီ အဆောက်အဦးပြိုကျပျက်စီးကြောင်း အိန္ဒိယ သတင်းမီဒီယာများက ဆိုသည်။

အချင်းဖြစ်ရပ်နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများ ပြုရန် ဟီမာချယ်ပရာဒက်ရှ်ပြည်နယ် ဝန်ကြီးချုပ်က ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)