Connect with us

Asia

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းတွင် ယာဉ်တိုက်ခံရမှုကြောင့် ၁၀ဦးသေဆုံးကာ ၁၅ဦးဒဏ်ရာရရှိ

အိန္ဒိယနိုင်ငံ တွင် ပြုလုပ်လေ့ရှိသည့် ဘာသာရေးရုပ်တုများ ရေမျှော်ပွဲ အားတွေ့ရစဉ် (ဓာတ်ပုံ- wikipedia)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Jharkhand ပြည်နယ် တွင် ဖေဖော်ဝါရီလ ၁၄ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သော ကြောင့် လူ ၁၀ ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပြောကြားလိုက်သည်။

ပြည်နယ်၏ Giridih ဒေသတွင် ပြုလုပ်သည့် ရုပ်တု ရေမျှောပွဲတွင် ပါဝင် ဆင်နွှဲသည့် လူတန်းအား ထရပ်ကား တစ်စီး ကတိုက်မိခဲ့သောကြောင့် လူသေဆုံးမှု ဖြစ်ပွားခဲ့ရကြောင်း အခင်းဖြစ်ပွားရာတွင် ရှိခဲ့သည့် အမည်မဖော်လိုသူ တစ်ဦးကပြောကြားခဲ့သည်။

သေဆုံးသူ ၁၀ ဦးတွင် အများစုမှာ ဆယ်ကျော်သက်များ နှင့်ကလေးများဖြစ်ပြီး ၎င်းတို့သည်အခင်းဖြစ်ပွားရာ၌ ပင် သေဆုံးခဲ့ရကာ ဒဏ်ရာရရှိသူများအား ဒေသတွင်း ဆေးရုံတစ်ခုသို့ ပိုဆောင်ထားပြီး အချို့မှာ အခြေအနေ စိုးရိမ်ရကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။

မျက်မြင်သက်သေတစ်ဦးက ထရပ်အား အရှိန်ပြင်းစွာ မောင်းနှင်လာသော ကားဒရိုင်ဘာသည် အရှိန်မထိန်း နိုင်သောကြောင့် ထိုသို့ဖြစ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့အား ပြောကြားခဲ့သော်လည်း အဆိုပါ ဖြစ်ရပ်အား စုံးစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။

ပြည်နယ်အစိုးရက သေဆုံးသူတစ်ဦးချင်း၏ မိသားစုများအား လျော်ကြေးငွေ ရူပီး တစ်သိန်း (အမေရိကန်ဒေါ်လာ ၁၈၀၀) စီပေးရန် ကြေညာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.