Connect with us

Asia

အိန္ဒိယမြောက်ပိုင်းတွင် တရားမဝင် အရက်များသောက်သုံး၍ လူ ၁၈ဦးသေဆုံး

အိန္ဒိယနိုင်ငံရှိ တရားမဝင် အိမ်လုပ် ချက်အရက်အချို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ်တွင် အရက်တုများ သောက်သုံးမှုကြောင့် အနည်းဆုံး လူ ၁၈ဦးသေဆုံးပြီး လူပေါင်းများစွာ နေမကောင်းဖြစ်ခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဇူလိုင် ၁၀ ရက်တွင် ဖော်ပြခဲ့သည်။

Uttar Pradesh ပြည်နယ် မြို့တော် Lucknow မြို့ အရှေ့ဘက် ၂၆၆ကီလိုမီတာ အကွာခန့်ရှိ Azamgarh ခရိုင်တွင် ဇူလိုင် ၆ရက် ညနေပိုင်း၌ တရားမဝင် အရက်တုများ ကို လူများက သောက်သုံးခဲ့ကြောင်း သိရသည်။Azamgarh ခရိုင် တွင် အရက်တုသောက်သုံးမှုကြောင့် သေဆုံးသူ ဦးရေသည် ၁၈အထိမြင့်တက်လာကြောင်းနှင့် အရက်တုသောက်သုံးမှုကြောင့် လူ ၁၂ဦးချက်ချင်းသေဆုံးသွားခဲ့ပြီး နောက်ပိုင်းတွင် လူ ၆ဦးထပ်မံသေဆုံးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ပြည်တွင်းမီဒီယာတစ်ခုကဖော်ပြခဲ့သည်။

အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးရန် ဒေသခံအာဏာပိုင်များက ညွှန်ကြားခဲ့ကြောင်း သိရသည်။တစ်ချိန်တည်းမှာပင် ခရိုင်အတွင်းရှိ တရားမဝင် အရက်ထုတ်လုပ်သူများကို ရှာဖွေဖမ်းဆီးရန် ရဲတပ်ဖွဲ့ကလုပ်ဆောင်လျက်ရှိကြောင်း သိရသည်။လွန်ခဲ့သည့် နှစ်ကလည်း Uttar Pradesh ပြည်နယ် Etah ခရိုင်တွင် အလားတူဖြစ်ရပ်မျိုးကြောင့် လူ ၃၁ဦးသေဆုံးခဲ့ကြောင်း သိရသည်။အိန္ဒိယနိုင်ငံ Bihar ပြည်နယ် နှင့် Gujarat ပြည်နယ်တို့တွင် အရက်သောက်သုံးခြင်းကို ဥပဒေအရ ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။ဈေးပေါသည့် တရားမဝင် အိမ်လုပ် ချက်အရက်များကို သောက်သုံးလေ့ရှိသည့် အိန္ဒိယနိုင်ငံတွင် အရက်ကြောင့်သေဆုံးသည့်ဖြစ်ရပ်များ မကြာခဏဖြစ်ပွားလေ့ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.