Connect with us

Asia

ဂျပန်နိုင်ငံ ကာဂိုရှီးမားစီရင်စု တွင် အင်အား ၅.၂ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိ

ငလျင်တိုင်းထွာမှု စနစ်တစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ ခရူးရှူးကျွန်း တောင်ဘက် ရှိ ကာဂိုရှီးမားစီရင်စု ၌် ဇူလိုင် ၁၁ ရက်တွင် ကနဦးတိုင်းတာချက်အရ အင်အား ၅.၂ရစ်ချ်တာစကေး ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း နှင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ခြင်းမရှိကြောင်း မိုးလေဝသဋ္ဌာနက ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံမိုးလေဝသဋ္ဌာန (JMA) ၏ပြောကြားချက်အရ ငလျင်သည် မြောက်လတ္တီကျု ၃၁.၄ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၃၀.၆ ဒီဂရီ ကို ဗဟိုပြု၍ ဒေသစံတော်ချိန် နံနက် ၁၁း၅၆နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ငလျင်သည် မြေအောက်အနက် ၁၀ကီလိုမီတာ ၌ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မိုးလေဝသဋ္ဌာနက ပြောကြားခဲ့သည်။

ပင်လယ်အော်ဧရိယာ နှင့် နီးကပ်သည့် ကာဂိုရှီးမားစီရင်စု ကီးယဲချော့ခရိုင် တွင် ငလျင်ပြင်းအားသည် ဂျပန်နိုင်ငံ ငလျင်တိုင်းတာမှုစကေး အရ ပမာဏ ၅ အထက်တွင်ရှိပြီး အမြင့်ဆုံးအဖြစ် ၇အထိရောက်ခဲ့ကြောင်း နှင့် စီရင်စုအတွင်းရှိ အခြားမြို့၄မြို့တွင် ပမာဏ ၅အောက်တွင်သာ ရှိကြောင်း သိရသည်။

ငလျင်လှုပ်ခတ်မှု အကျိုးဆက်အဖြစ် ဆူနာမီဖြစ်ပေါ်လာနိုင်ကြောင်း သတိပေးချက်ကို JMA က ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း နှင့် ကာဂိုရှီးမားစီရင်စု ရှိ ဆန်းဒိုင်နျူကလီးယားဓါတ်ပေါင်းဖိုတွင် အခြေအနေမူမမှန်မှုများ မရှိကြောင်း ဓါတ်ပေါင်းဖိုတာဝန်ရှိသူများကပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.