Connect with us

Asia

အိန္ဒိယ တွင် ဓါတ်ငွေ့ ယိုစိမ့်မှုကြောင့် လူ ၄ဦးသေ၊ ၁၁ဦး ဆေးရုံတင်ရ

အိန္ဒိယနိုင်ငံ Bhopalမြို့ ရှိ Union Carbide ကုမ္ပဏီ၏ ပိုးသတ်ဆေးစက်ရုံဟောင်းအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဖေဖော်ဝါရီ ၂၁ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Punjab ပြည်နယ် တွင် ဖေဖော်ဝါရီ ၂၀ရက် က ဓါတ်ငွေ့ယိုစိမ့်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ဦးသေဆုံးပြီး လူ ၁၁ဦးကို ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။

ရဲတပ်ဖွဲ့ဝင် တစ်ဦးက Rajpura ဒေသ Shambhu မြို့ တွင် အစားအစာထုတ်လုပ်ရေး စက်ရုံတစ်ခုမှ အမိုနီးယားဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဓါတ်ငွေ့အား ရှူရှိုက်ပြီးနောက် ဒေသခံ ၄ဦးသေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသတွင်းရှိ ဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ မတော်တဆမှုအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း ၎င်းကပြောကြားခဲ့သည်။

ဓါတ်ငွေ့ယိုစိမ့်မှု ဖြစ်ရပ်များသည် အိန္ဒိယနိုင်ငံတွင် ဖြစ်လေ့ဖြစ်ထရှိပြီး အိန္ဒိယနိုင်ငံ Madhya Pradesh ပြည်နယ် မြို့တော် Bhopalမြို့ တွင် ၁၉၈၄ခုနှစ်က အမေရိကန်အခြေစိုက် Union Carbide ကုမ္ပဏီ၏ ပိုးသတ်ဆေးစက်ရုံ မှ Methyl Isocyanate ဓါတ်ငွေ့ နှင့် အခြား ဓါတုပစ္စည်းများ ယိုစိမ့်မှုကြောင့် လူ ၄၀၀၀ခန့် သေဆုံးခဲ့ပြီး ကမ္ဘာ့အဆိုးဆုံး စက်ရုံမတော်တဆမှုတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.