Connect with us

Asia

အိန္ဒိယ နိုင်ငံ၌ ခရီးသည်တင်ယာဉ်ကို အမိုးနီးယား ဓာတ်ငွေ့များ သယ်ဆောင်လာသည့်ယာဉ်က တိုက်မိပြီး လူ ၂ ဦး သေဆုံး ၊ ၂၀ ဦး ဒဏ်ရာ ရရှိ

အိန္ဒိယ နိုင်ငံ၌ ယာဉ်တိုက်မိမှု အခင်းဖြစ်ပွားရာ နေရာအား တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မွန်ဘိုင်း ၊ သြဂုတ် ၁၂ ရက်(ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အနောက်ပိုင်း Maharashtra ပြည်နယ် ၊ Raigad ခရိုင်ရှိ မွန်ဘိုင်းမြို့မှ ၇၉ ကီလိုမီတာ ကွာဝေးသော Gagode လမ်းဆုံတွင် သြဂုတ် ၁၁ ရက်က ခရီးသည်တင် ဘတ်စ်ကား တစ်စီး နှင့် အမိုးနီးယား ဓာတ်ငွေ့အရည်များ သယ်ဆောင်လာသည့် ယာဉ် တစ်စီးတို့တိုက်မိမှု ဖြစ်ပွားခဲ့ပြီးနောက် လူ နှစ်ဦး သေဆုံးခဲ့ပြီး ၂၀ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ အမိုးနီးယား ဓာတ်ငွေ့အရည်များ သယ်ဆောင်လာသည့် ၁၂ ဘီးယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ခရီးသည် ၆၆ ဦး သယ်ဆောင်လာသည့် ယာဉ်နှင့် တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း ၊ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် ခရီးသည် နှစ်ဦးမှာ သေဆုံးသွားခဲ့ကြောင်း ဒေသခံ ရဲတပ်ဖွဲ့အရာရှိက ပြောကြားခဲ့သည်။

အခြား ဒဏ်ရာ ရရှိသူ ၂၆ ဦးသည် ကုသခံယူမှုများ ပြုလုပ်ခဲ့ပြီးနောက် ဆေးရုံမှ ဆင်းသွားကြပြီ ဖြစ်ကြောင်း နှင့် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သည့် Gagode လမ်းဆုံသည် အိန္ဒိယ နိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်း ဖြစ်သည့် JNPT မှ ၄၈ ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး ဆိပ်ကမ်းမှ ကုန်းတွင်းပိုင်းမြို့ဆီသို့အကြီးစား ကွန်တိန်နာ နှင့် ကုန်တင်ယာဉ်များ ဖြတ်သန်း သွားလာလျက် ရှိကြောင်း သိရသည်။(Xinhua)