Connect with us

Media

အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ ၂၉ ဦးရှိဟု မီးသတ်တပ်ဖွဲ့ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊အမှတ် (၁၃)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ရေခဲစက်မှ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှု ဇန်နဝါရီ ၁၂ ရက် ည ၈ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အမိုးနီးယားဓါတ်ငွေ့ ယိုစိမ့်မှုဖြစ်ပွားရာနေရာသို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ Hazmat Vehicle ၊ LUF 60 မီးငြှိမ်းသတ်ယာဉ်များ အပါအဝင် လှိုင် ၊ မရမ်းကုန်း ၊ ကျောက်တံတား မြို့နယ်တို့မှ မီးငြှိမ်းသတ်ယာဉ်များ ၊ မီးသတ်ရေသယ်ယာဉ်များ ၊ ရှာဖွေကယ်ဆယ်ရေးယာဉ်များ ၊ သူနာပြုယာဉ်များ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာ စက်ရုံအတွင်း ဓါတ်ငွေ့များအား ရှင်းလင်းဖယ်ရှားခြင်း၊ ပတ်ဝန်းကျင်ရှိ ပြည်သူများအား ဘေးကင်းလွတ်ရာနေရာသို့ ပို့ဆောင်ပေးခြင်း၊ အမိုးနီးယားဓါတ်ငွေ့ဘေးသင့်သူ ၂၉ ဦးအား ဆေးရုံများသို့ပို့ဆောင်ပေးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ ပရဟိတအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ (Xinhua)

 

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.