Connect with us

Asia

အိန္ဒိယ နိုင်ငံ တွင် ကုန်တင်ကား တစ်စင်း က ဘုရားဖူး လူအုပ် အား ဝင်တိုက်မိ ခဲ့ရာ လူပေါင်း ၁၁ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ တွင် ယာဉ်တိုက်မှု ဖြစ်ပွား ခဲ့သည့် Uttarakhand ပြည်နယ် Champawat ဒေသ အား မြင်တွေ့ရစဉ်(ဓာတ်ပုံ-Google maps)

နယူးဒေလီ ၊ မေ ၁၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ တွင် ကုန်တင်ကား တစ်စင်း သည် Uttarakhand ပြည်နယ် Champawat ဒေသ ရှိ အဝေးပြေးလမ်း တွင် မောင်းနှင်နေစဉ် အတွင်း လမ်းဘေးရှိ ခြေလျင် ခရီးသွား နေသည့် ဘုရားဖူး များအား ဝင်တိုက်မိခဲ့ရာ လူပေါင်း အနည်းဆုံး ၁၁ ဦး သေဆုံး ခဲ့ပြီး ၁၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကုန်တင်ကား ဖြင့် အတိုက်ခံရ သည့် အဖွဲ့မှာ လူပေါင်း ၂၅၀ ခန့်ရှိပြီး Uttar Pradesh ပြည်နယ် မှ ဘုရားကျောင်း တည်ရှိရာ သို့ ခြေလျက် ခရီးသွား နေကြသည့် ဘုရားဖူး အဖွဲ့ဖြစ်ကြောင်း ၊ ကုန်တင်ကား ဝင်တိုက်ခံရမှုကြောင့် နေရာတွင်ပင် ဘုရားဖူး ၉ ဦး သေဆုံး ခဲ့ရပြီး ကျန် ၂ ဦး မှာ ဆေးရုံ သို့ ပို့ဆောင်နေစဉ် အတွင်း သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

သတင်းဖော်ပြချက်များအရ အခင်းဖြစ်ပွား ပြီးနောက် တွင် ကုန်တင်ကား ယာဉ်မောင်း မှ ထွက်ပြေး တိမ်းရှောင်သွားခဲ့ပြီး ရဲတပ်ဖွဲ့ အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရှိရသည်။

အိန္ဒိယ နိုင်ငံ တွင် လမ်းအခြေအနေ ဆိုးရွားမှု ၊ ယာဉ်မောင်း မှ အရှိန်ကျော်လွန်မောင်းနှင်မှု နှင့် ဝန်ပို တင်ဆောင်မှု တို့ကြောင့် ယာဉ်မတော်တဆမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး စာရင်းပြုစုချက် အချို့အရ အိန္ဒိယ နိုင်ငံ တွင် နှစ်စဉ် လူပေါင်း ၁ သိန်းကျော် မှာ ယာဉ်မတော်တဆမှုကြောင့် သေဆုံးခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.