Connect with us

Asia

အိုမန် ၊ အမေရိကန် ၊ ဗြိတိန် သုံးနိုင်ငံ ပူးတွဲ စစ်ရေးလေ့ကျင့်မှုပြုလုပ်

အိုမန် ၊ အမေရိကန် ၊ ဗြိတိန် ပူးတွဲစစ်ရေးလေ့ကျင့်မှုအားတွေ့ရစဉ်(အင်တာနက်)

ဒိုဟာ ၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အိုမန်နိုင်ငံလေတပ်သည် အိုမန်ကြည်းတပ် နှင့် ရေတပ်တို့၏ ပံ့ပိုးမှုဖြင့် Magic Carpet ဟုအမည်ပေးထား သော အမေရိကန် ၊ ဗြိတိန် လေတပ်တို့နှင့်အတူ သုံးနိုင်ငံပူးတွဲစစ်ရေးလေ့ကျင့်မှု တစ်ခုကို ပြုလုပ်လျက်ရှိ ကြောင်း အိုမန် စစ်ဖက်က စက်တင်ဘာ ၈ ရက် တွင်ပြောကြားခဲ့သည်။

အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို အိုမန်နိုင်ငံမြို့တော် Muscat မြို့၏ အနောက်တောင်ဘက် ၁,ဝဝဝ ကီလို မီတာအကွာရှိ Dhofar ပြည်နယ် အတွင်း ပြုလုပ်လျက်ရှိပြီး လာမည့် စက်တင်ဘာ ၁၉ ရက်အထိ ပြုလုပ်သွား မည်ဖြစ်ကြောင်း အိုမန်နိုင်ငံကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အဆိုပါ စစ်ရေးလေ့ ကျင့်မှု၏ ရည်ရွယ်ချက်သည် သုံးနိုင်ငံလေတပ်အနေဖြင့် တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန်လေ့လာနိုင်ရန် နှင့် အိုမန် ၊ အမေရိကန် နှင့် ဗြိတိန် သုံးနိုင်ငံအကြား စစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရန် အတွေ့ အကြုံများ ဖလှယ်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အိုမန်သည် မကြာသေးခင်က စစ်ရေးလေ့ကျင့်မှုများကို ပြုလုပ်ခဲ့သည်။ ယခင်နှစ် ဒုတိယနှစ်ဝက်ကာလမှ စတင်ကာ အိုမန်သည် အမေရိကန် နှင့် ဗြိတိန်နိုင်ငံအတို့နှင့်အတူ ကြီးမားသော စစ်ရေးလေ့ကျင့်မှု အစီအစဉ် အချို့ကို ပြုလုပ်ခဲ့ကြောင်း ၊ ယင်းလေ့ကျင့်မှုတွင် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုများလည်း ပါဝင်ကြောင်း သိရ သည်။

ယခင်နှစ် အောက်တိုဘာလတွင် အိုမန်သည် ဗြိတိန်နိုင်ငံနှင့်အတူ တပ်ဖွဲ့ဝင် ၇ဝ,ဝဝဝကျော် ပါဝင်သည့် စစ် ရေးလေ့ကျင့်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၊ ယင်းမှာ အိုမန်စစ်တပ် သမိုင်းတစ်လျှောက် အကြီးဆုံး စစ်ရေး လေ့ကျင့်မှု ဖြစ်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.