Connect with us

Asia

အားကောင်းတိုင်ဖွန်း မုန်တိုင်း Faxai ဂျပန်နိုင်ငံသို့ ဝင်ရောက် တိုက်ခတ်

Faxai တိုင်ဖွန်းကြောင့် ဂျပန်နိုင်ငံ တိုကျိုမြို့တွင် သစ်ပင်များ ပြိုလဲနေသည်ကိုတွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

တိုကျို၊ စက်တင်ဘာ ၉ ရက်(ဆင်ဟွာ)

အားကောင်းသော တိုင်ဖွန်းမုန်တိုင်း Faxaiသည် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတွင် ဂျပန်နိုင်ငံ Chibaစီရင်စုသို့ ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။

Chibaစီရင်စုတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၉ ရက် ဒေသစံတော်ချိန် နံနက် ၈ နာရီအထိ ဒဏ်ရာရသူ ၁၀ ဦး ထက်မနည်း ရှိပြီး အဆောက်အဦများစွာပျက်စီးခဲ့သလို Chibaစီရင်စု၊ Kanagawaစီရင်စုတွင် အိမ်ထောင်စုပေါင်း ၉၂၀,၀၀၀ ခန့် လျှပ်စစ်ဓာတ်အား ပြတ်တောက်ခဲ့ကြောင်း သိရသည်။

ဂျပန်နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ဌာန(JMA)၏ ပြောကြားချက်များအရ Faxai တိုင်ဖွန်းမုန်တိုင်းသည် ဒေသစံတော်ချိန် ၅ နာရီခန့်က ဝင်ရောက်ခဲ့ခြင်း ဖြစ်ရာ Kanto ဒေသကို ဖြတ်သန်းပြီး အရှေ့မြောက်ပိုင်း Ibaraki စီရင်စုအနီးသို့ တိုက်ခတ်ခဲ့ကြောင်း သိရသည်။ Faxai တိုင်ဖွန်း Chiba စီရင်စုသို့ ရောက်ရှိချိန်တွင် လေတိုက်နှုန်းသည် တစ်စက္ကန့်လျှင် မီတာ ၄၀ မှ ၅၇.၅ မီတာအထိရှိကြောင်း သိရသည်။ ၎င်းမှာ Kanto ဒေသတွင် တိုင်းတာရရှိချက်များအရ တိုက်ဖွန်းများအနက် လေတိုက်ပြင်းအား အမြင့်ဆုံး ဖြစ်ကြောင်း သိရသည်။

မုန်တိုင်းကြောင့် ဂျပန်နိုင်ငံနေရာအနှံ့အပြားတွင် မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ရာ Shizuokaစီရင်စု Izuမြို့တွင် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းတိုင်းတာချက်များအရ လာမည့်၂၄ နာရီအတွင်း မိုးရေချိန်ပမာဏသည် ၄၄၀ မီလီမီတာကျော်လွန်မည်ဖြစ်ကြောင်း သိရသည်။

လေပြင်းမုန်တိုင်းကြောင့် တောင်မြေပြိုမှု၊ မြစ်ရေလျှံမှုနှင့် ပင်လယ်လှိုင်းကြီးမှုများကို အထူးသတိထားကြရန်၊ တတ်နိုင်သမျှ အပြင်မထွက်ကြရန် ဂျပန်နိုင်ငံ မိုးလေဝသနှင့်ဇလဗေဒ ဌာန(JMA)က သတိပေးနှိုးဆော်ထားသည်။

ဂျပန်မီဒီယာများ၏ သတင်းများအရ တိုင်ဖွန်းကြောင့် စက်တင်ဘာ ၉ ရက် နံနက်ပိုင်းက ဂျပန်နိုင်ငံ မြို့တော်ဧရိယာတွင် ဓာတ်ရထားနှင့် မြေအောက်ရထားများကို ခေတ္တရပ်နားထားရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.