Asia
(၂၅)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးမှုဖိုရမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ တက်ရောက်
စင်ကာပူ၊ သြဂုတ် ၅ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိသည် စင်ကာပူနိုင်ငံတွင် ကျင်းပ သော (၂၅)ကြိမ်မြောက် အာဆီယံဒေသဆိုင်ရာ ဆွေးနွေးမှုဖိုရမ် နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။
နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိက အရှေ့အာရှဒေသများတွင် အပြုသဘောအဆောင်ဆုံး တိုးတက်မှုတစ်ခုသည် မြောက်ကိုရီးယား နျူကလီးယားပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ပြန်လည် ညှိနှိုင်းဖြေရှင်းနိုင်ခြင်းပင်ဖြစ်ကြောင်း ၊ ထိုကိစ္စအပေါ် တရုတ်နိုင်ငံအနေဖြင့် ဝမ်းသာကျေနပ်မိ ကြောင်းနှင့် အခိုင်အမာထောက်ခံကြောင်း ၊တရုတ်နိုင်ငံနှင့်အာဆီယံနိုင်ငံများ၏ အတူလက်တွဲ ကြိုးစားမှုများကြောင့် တောင်တရုတ်ပင်လယ်၏အခြေအနေမှာ တည်ငြိမ်လာပြီဖြစ်ကြောင်း၊ တောင်တရုတ်ပင်လယ် နိုင်ငံများ အပြုအမူဆိုင်ရာ သတ်မှတ်ချက် (Code of Conduct) ဆွေးနွေး ညှိနှိုင်းမှုများက ယခုကာလများတွင် အရေးပါသည့် တိုးတက်မှုအသစ်များ ရရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။ တချိန်တည်းမှာပင် တစ်ဖက်သတ်ကိုယ်ကျိုးစီးပွားကာကွယ်မှုများက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုအလားအလာများကို ဝင်ရောက်တိုက်စားနေသလို ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်သော ကုန်သွယ်ရေးစနစ်ကို ရိုက်ခတ်လျက်ရှိကြောင်း ၎င်းကဆိုသည်။
ဆက်လက်၍ ဝန်ကြီး ဝမ်ရိက စစ်အေး အတွေးအခေါ်များနှင့် လက်နက်အင်အားဖြင့် ခြိမ်းခြောက်မှု များက ခေတ်ရေစီးကြောင်းနှင့်ကိုက်ညီမှုမရှိသလို တစ်ဖက်သတ် ကိုယ်ကျိုးစီးပွားကာကွယ်မှုများ က လည်း အရေးကိစ္စများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း ၊ ဒေသတွင်း နိုင်ငံများ စည်းလုံး ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ကာ လွတ်လပ်သောကုန်သွယ်ရေးနှင့် ဘက်ပေါင်းစုံပူးပေါင်းပါဝင်မှုကို အခိုင် အမာထောက်ခံပြီး ကိုယ်ကျိုးစီးပွားကာကွယ်မှုများကို ဆန့်ကျင်သင့်ကြောင်း၊ ဒေသပြင်ပနိုင်ငံ များက လည်း ဒေသတွင်းနိုင်ငံများ၏ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် ကြိုးစားလုပ်ဆောင်မှုများ နှင့် ရရှိသော တိုးတက်မှုများကို အပြုသဘောဆောင်ရန် လေးစားရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ သည်။
အစည်းအဝေးတွင် တရုတ်နိုင်ငံက အဆိုပြုသည့် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကြေညာချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)