Connect with us

Asia

ဘိုးအောက်ဖိုရမ် (Boao Forum) ကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တွင်ကျင်းပ

အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ဆောင်ပုဒ်နှင့် လိုဂိုအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံက မြို့တော် ဆိုးလ်တွင် အာရှအတွက် ဘိုးအောက်ဖိုရမ် (Boao Forum for Asia) ကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး စီးပွားရေးသမားများနှင့် အစိုးရတာဝန်ရှိသူ ၈၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက်က ဆိုးလ်မြို့အလယ်ပိုင်းရှိ ဟိုတယ်တစ်ခုတွင် ကျင်းပခဲ့ကြောင်း ဖိုရမ်အား ပူးတွဲကျင်းပသူ တောင်ကိုရီးယားနိုင်ငံ စီးပွားရေးအဖွဲ့တစ်ခုဖြစ်သော ကိုရီးယားနိုင်ငံ စက်မှုလုပ်ငန်းများ အဖွဲ့ချုပ် (FKI) အရသိရသည်။

အဆိုပါ ဖိုရမ်သို့ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ဝမ်းယန်နှင့် တောင်ကိုရီးယားနိုင်ငံ ဝန်ကြီးချုပ် Lee Nak-yon နှင့် တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်း စီးပွားရေးကော်ပိုရေးရှင်းကြီး သုံးခုဖြစ်သည့် ဆမ်ဆောင်း၊ ဟွန်ဒိုင်းမော်တော်နှင့် SK တို့၏ အမှုဆောင်အရာရှိချုပ်များ အပါအဝင် စီးပွားရေးစွမ်းဆောင်ရှင်များနှင့် အစိုးရ အရာရှိများစွာ တက်ရောက်ခဲ့ကြသည်။

ပထမဆုံး ဒေသဆိုင်ရာ ဘိုးအောက်ဖိုရမ်ကို အရှေ့မြောက်အာရှတွင် ကျင်းပခဲ့ပြီး “ပွင့်လင်းပြီး တီထွင်ဆန်းသစ်မှုရှိသော အာရှ” ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်း ဖြစ်သည်။ ဆိုးလ်ကွန်ဖရင့်အား ကမ္ဘာ့စီးပွားရေးနှင့် အာရှစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ တီထွင်ဆန်းသစ်မှုရှိသောသိပ္ပံပညာနှင့် နည်းပညာ၊ အားလုံးပါဝင်သော တိုးတက်မှု စသည့် အစီအစဉ် သုံးခုဖြင့် ကျင်းပသွားမည် ဖြစ်သည်။

အာရှအတွက် ဘိုးအောက်ဖိုရမ်၏ သဘာပတိဖြစ်သူ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းက အာရှသည် ဂလိုဘယ်လိုက်ဇေးရှင်း ဆန့်ကျင်မှု၊ ကုန်သွယ်ရေး ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် သီးခြားရပ်တည်မှုဝါဒကဲ့သို့သော ကမ္ဘာ့အကျပ်အတည်းနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.