Asia
ဂါ့ဇ်နီပြည်နယ်တွင် အာဖဂန် အထူးတပ်ဖွဲ့ဝင် ၁၀၀ ခန့်ပျောက်ဆုံးနေ

ကဘူးလ်၊ သြဂုတ် ၁၃ ရက် (ဆင်ဟွာ)
အာဖဂန်နစ္စတန်နိုင်ငံ ဂါ့ဇ်နီပြည်နယ် အရှေ့ပိုင်းတွင် လွန်ခဲ့သည့် နှစ်ရက်အတွင်း အာဖဂန် အထူးတပ်ဖွဲ့ဝင် ၁၀၀ ခန့် ပျောက်ဆုံးနေကြောင်း ဒေသခံ Tolonews ရုပ်သံက သြဂုတ်လ ၁၃ ရက်တွင် သတင်းတင်ပြခဲ့သည်။
ဂါ့ဇ်နီပြည်နယ် Ajristan ခရိုင်တွင် “အစီရင်ခံစာအရ ပျောက်ဆုံးနေတဲ့ တပ်သား ၁၀ ယောက်က သေဆုံးသွားပြီဖြစ်ပြီး အခြားသူ ၂၀ ယောက်ကိုတော့ အသက်ရှင်လျက်ပြန်တွေ့ပါတယ်” လို့ Tolonews ရုပ်သံက ဖြည့်စွက်ဖော်ပြထားသည်။ကဘူးလ်မှ တောင်ဘက် ၁၂၅ ကီလိုမီတာအကွာရှိ ဂါ့ဇ်နီပြည်နယ်မြို့တော် ဂါ့ဇ်နီမြို့တွင် သြဂုတ်လ ၁၀ ရက်ကစ၍ တာလီဘန်နှင့် အစိုးရတပ်ဖွဲ့အကြား တိုက်ခိုက်မှု ပြင်းထန်ခဲ့ပြီး လူပေါင်းများစွာ သေဆုံးခဲ့ကြောင်းသိရသည်။ (Xinhua)