Connect with us

Asia

တောင်ကိုရီးယား သမ္မတဟောင်း ပက် အိမ်ပြာတော် မှ ထွက်ခွာ

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေးအားတွေ့ရစဉ် (ဆင်ဟွာ)

ဆိုးလ်၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတဟောင်း ပက်ဂွမ်ဟေး သည် ခုံရုံးက ၎င်းအားစွပ်စွဲပြစ်တင်မှုကို ထောက်ခံခဲ့ပြီး ၂ရက်အကြာ မတ် ၁၂ရက်တွင် သမ္မတအိမ်ပြာတော်မှ ဆိုးလ်မြို့တောင်ပိုင်းရှိ ၎င်း၏နေအိမ်သို့ ထွက်ခွာလာခဲ့ကြောင်း သိရသည်။

ပက်သည် အိမ်ပြာတော်အပြင်သို့ ဒေသစံတော်ချိန် ည ၇နာရီတွင် ထွက်လာပြီး ၎င်း နှင့် လုံခြုံရေးတပ်ဖွဲ့များ လိုက်ပါလာသော အနက်ရောင်ဆီဒင်ကား နှင့် ဗင်ကားတန်းများသည် သမ္မတရုံးမှ ရး၁၅မိနစ်တွင် ထွက်ခွာလာခဲ့ကြောင်း ရုပ်သံလိုင်းများက ဖော်ပြခဲ့သည်။

ပက်သည် ဆိုးလ်မြို့တောင်ပိုင်းခရိုင်ရှိ ၎င်း၏နေအိမ်သို့ ည ရး၃၇နာရီတွင်ရောက်ရှိခဲ့ကြောင်း သိရသည်။

ပက်၏နေအိမ်ပြင်ပ၌ ၎င်းအားထောက်ခံသူများ စုဝေးကာ သမ္မတဟောင်းအား အားပေးထောက်ခံခဲ့ကြကြောင်း သိရသည်။

ပက်သည် စွပ်စွဲပြစ်တင်မှုဖြင့် ပထမဆုံးဖြုတ်ချခံရသည့် တောင်ကိုရီးယားနိုင်ငံသမ္မတဖြစ်ကြောင်း သိရသည်။

စွပ်စွဲပြစ်တင်မှုသာမရှိပါက ပက်၏ သမ္မတ သက်တမ်းသည် ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလမှသာ ကုန်ဆုံးမည်ဖြစ်ပြီး ၎င်းသည် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလတွင် တောင်ကိုရီးယားနိုင်ငံ၏ ၁၈ဦးမြောက်သမ္မတအဖြစ် ကျမ်းသစ္စာဆို ခဲ့ကြောင်း သိရသည်။

တရားဥပဒေအရ နိုင်ငံ့ခေါင်းဆောင်နေရာ တရားဝင် လစ်လပ်နေ၍ သမ္မတရွေးကောက်ပွဲအား ရက်ပေါင်း ၆၀အတွင်း ကျင်းပပေးရမည်ဖြစ်ပြီး ရွေးကောက်ပွဲသည် မေလ ၉ရက်နေ့တွင် ပြုလုပ်နိုင်ခြေများကြောင်း သိရသည်။

ပက်၏နေအိမ်အနီးအနားတွင် မလိုလားအပ်သည့် ပဋိပက္ခများဖြစ်ပေါ်လာခြင်းမရှိရန် ရဲတပ်ဝင် ၂,၀၀၀ခန့် ဖြန့်ကြက်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.