Asia
ပါကစ္စတန်နိုင်ငံ ကမ်းခြေစောင့်တပ်ဖွဲ့များက အမေရိကန်ဒေါ်လာ ၂၄ သန်းကျော်တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ဖမ်းမိ
အစ္စလာမ်မာဘတ်၊ မေ ၁ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံ အနောက်တောင်ဘက် ဘာလိုချစ္စတန်ပြည်နယ် ဂျီဝန်နီမြို့အနီး စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့စဉ် အမေရိကန်ဒေါ်လာ၂၄ သန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများ ကမ်းခြေစောင့်တပ်ဖွဲ့များက ဖမ်းမိခဲ့ကြောင်း ပါကစ္စတန် ကမ်းခြေစောင့်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဧပြီလ ၃၀ ရက်တွင် ပြောကြားလိုက်သည်။
၎င်းတို့သည် ပြည်ပနိုင်ငံများထံ တရားမဝင်ရောင်းချရန် အရည်အသွေးမြင့် မူးယစ်ဆေးဝါးများ ဈေးပြိုင်ပေးနေသည်ဟု သတင်းတစ်ခုရရှိခဲ့ကြောင်း ပြောခွင့်ရပုဂ္ဂိုလ် ဆာဖာ မာဒီ (Safeer Mehdi) က ဆင်ဟွာသို့ ပြောခဲ့သည်။
ယာယီထုတ်ပြန်ထားသည့် ထောက်လှမ်းရေးအစီရင်ခံစာအရ ကမ်းခြေစောင့်တပ်ဖွဲ့များသည် ယင်းနယ်မြေတွင် ကျယ်ပြန့်သော စစ်ဆင်ရေးတစ်ခု လုပ်ဆောင်ခဲ့ပြီး ဂျီဝန်နီမြို့ရှိ ကမ်းခြေတစ်ခုတွင် ဝှက်ထားသော ဆေးခြောက် ၃၅၀ ကီလိုဂရမ်တွေ့ရှိခဲ့သည်။
အဆိုပါ မူးယစ်ဆေးဝါးများအား မူးယစ်ဆေး တိုက်ဖျက်ရေးတပ်ဖွဲ့ထံ လွှဲပြောင်းပေးခဲ့ပြီး နောက်ပိုင်းတွင် ယင်းတပ်ဖွဲ့မှ ၎င်းတို့၏အစီအစဉ်အတိုင်း ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း မာဒီက ဖြည့်စွက်ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဖမ်းမိသူမရှိသေးသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါး ရောင်းဝယ်သူများ၏ သဲလွန်စများ ရရှိရန် ယင်းနေရာတဝိုက်တွင် သတိထားစောင့်ကြည့်နေကြောင်း သိရသည်။ (Xinhua)