Connect with us

Asia

ကမ္ဘောဒီးယားနိုင်ငံ၏ အန်းကောဝပ်ဘုရားကျောင်းသို့ယခုနှစ် ပထမ ၄ လအတွင်း ခရီးသည် ၁ သန်းခန့်ဝင်ရောက် ၊ ၇.၃ ရာခိုင်နှုန်းကျဆင်း ဟုဆို

ကမ္ဘောဒီးယားနိုင်ငံရှိ အန်းကောဝပ်ဘုရားကျောင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ဖနွမ်းပင် ၊ မေ ၁ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ၏ အန်းကောဝပ်ရှေးဟောင်းနယ်မြေသို့၂ဝ၁၉ ခုနှစ် ပထမ ၄ လအတွင်း ကမ္ဘာလှည့် ခရီးသည် ၉၇၃,၃ဝ၅ ဦးဝင်ရောက်ခဲ့ရာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇.၃ ရာခိုင်နှုန်း ကျဆင်းသွားကြောင်း ယနေ့မေ ၁ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ဇန်နဝါရီ မှ ဧပြီအထိ ၄ လတာ ကာလာအတွင်း ဇုံဝင်ကြေး အမေရိကန်ဒေါ်လာ ၄၄ သန်းရရှိခဲ့ကြောင်း ၊ ယခင်နှစ်အလားတူကာလထက် ၈.၅ ရာခိုင်နှုန်းလျော့ကျသွားကြောင်း နိုင်ငံပိုင် အန်းကောအင်တာပရိုက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းဒေသသို့လာရောက်လည်ပတ်သူအများစုမှာ တရုတ် ၊ တောင်ကိုရီးယား နှင့် အမေရိကန်နိုင်ငံသားများဖြစ်ကြောင်း သိရသည်။

အဆိုပါရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ တစ်ရက်တာ ဝင်ကြေး အမေရိကန် ၃၇ ဒေါ်လာ ၊ သုံးရက်တာဝင်ကြေး အမေရိကန် ၆၂ ဒေါ်လာ နှင့် တစ်ပတ်တာဝင်ကြေး ၇၂ ဒေါ်လာ အသီးသီးဖြစ်ကြောင်း သိရသည်။

ကမ္ဘောဒီးယားနိုင်ငံ အနောက်မြောက်ပိုင်း ဆီယမ်ရိဒ်ဒေသတွင် တည်ရှိသော အန်းကောဝပ်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ၁၉၉၂ ခုနှစ်တွင် ယူနက်စကိုအဖွဲ့ကြီး၏ ကမ္ဘာ့ယဉ်ကျေးမှှုအမွေအနှစ်စာရင်းဝင်ခဲ့ပြီး နိုင်ငံ၏အကျော်ကြားဆုံးသော ခရီးသွားဒေသတစ်ခုဖြစ်ကြောင်း သိရသည်။(Xinhua)