Connect with us

Asia

မလေးရှားနိုင်ငံတွင် မှောင်ခိုဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်း ၄ တန်ခန့်ကို ဖျက်ဆီး


ကွာလာလမ်ပူ၊ မေ ၁ ရက်(ဆင်ဟွာ)

မလေးရှားနိုင်ငံတွင် ဧပြီ ၃၀ ရက်က မှောင်ခိုဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်း ၃.၉၂တန်ကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖျက်ဆီးသည့်ဆင်စွယ်များမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၇ခုနှစ်အတွင်း ရှာဖွေဖမ်းဆီးထားခြင်း ဖြစ်သည်။ မလေးရှားနိုင်ငံ သဘာဝအရင်းအမြစ်ဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး Xavier Jeyakumarက ရှားပါး တောရိုင်းတိရိစ္ဆာန်နှင့်သစ်ပင်မျိုးစိတ်ဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက်(CITES) အရ လုပ်သင့်လုပ်ထိုက်သည့် တာဝန်ဝတ္တရားအတိုင်းလုပ်ဆောင်ခြင်းဖြစ်ကြောင်း ၊ လူအဖွဲ့အစည်းမှ အများပြည်သူနှင့် NGOအဖွဲ့အစည်းများအနေဖြင့် တောရိုင်းတိရစ္ဆာကာကွယ်ရေးလှုပ်ရှားမှုများတွင် ပိုမိုပါဝင်ကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် ဖမ်းဆီးရမိသော မှောင်ခို ဆင်စွယ်များကို ဖျက်ဆီးရန် ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ကုလသမဂ္ဂ၏ ရှားပါး တောရိုင်းတိရစ္ဆာန်နှင့်သစ်ပင်မျိုးစိတ်ဆိုင်ရာ နိုင်ငံတကာ ကုန်သွယ်ရေး သဘောတူညီချက်တွင် ၁၉၈၉ ခုနှစ်က ဆင်စွယ်ရောင်းဝယ်ဖောက်ကားမှုကို ဘက်ပေါင်းစုံမှ တားမြစ်ခဲ့သော်လည်း ဆင်များကိုတိတ်တဆိတ်အမဲလိုက်သတ်ဖြတ်ခြင်း၊ ဆင်စွယ်များကို မှောင်ခိုကူးခြင်းများသည် တားဆီးမရရှိနေဆဲဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ သဘာဝပတ်ဝန်းကျင် ရန်ပုံငွေအဖွဲ့(WWF)၏ စာရင်းများအရ အာဖရိကတိုက်တွင် နှစ်စဉ် ဆင်ကောင်ရေ ၃ သောင်းခန့် သတ်ဖြတ်ခံနေရာပြီး ဆင်စွယ်နှင့်ဆင်စွယ်ဖြင့်ပြုလုပ်သည့်ပစ္စည်းများက မှောင်ခိုဈေးကွက်ကို ဝင်ရောက်လျက်ရှိကြောင်း သိရသည်။(Xinhua)