Asia
ဖိလစ်ပိုင် ရှိ ဆိပ်ကမ်းတစ်ခု တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသော်လည်း သေဆုံးဒဏ်ရာရရှိသူမရှိ
မနီလာ၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့ တောင်ပိုင်း Masbate ပြည်နယ် ရှိ ဆိပ်ကမ်းတစ်ခု တွင် သြဂုတ်၁ ရက် က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့သော်လည်း သေဆုံး၊ဒဏ်ရာရရှိသူမရှိကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က IED အမျိုးအစား ဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် Masbate မြို့ဆိပ်ကမ်း၏ တံတားပျက်စီးခဲ့ကြောင်း ပြောကြားခဲ့သည်။
ဗုံးဖောက်ခွဲရခြင်း၏ အဓိကရည်ရွယ်ချက်ကို သိရှိရန် စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဇူလိုင် ၃၁ ရက်တွင်လည်း Basilan ပြည်နယ် ရှိ Lamitan မြို့ တွင် IED ဖောက်ခွဲရေးပစ္စည်းများ တင်ဆောင်လာသည့် ဗင်ကားတစ်စီးဖြင့် တိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၁၁ဦးသေဆုံးပြီး အခြားလူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ (Xinhua)