Asia
ဗီယက်နမ်နိုင်ငံ ဒုတိယသမ္မတက ယာယီသမ္မတဖြစ်လာ

ဟနွိုင်း၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)
ဗီယက်နမ်နိုင်ငံ သမ္မတ Tran Dai Quang ကွယ်လွန်ခဲ့ပြီး နှစ်ရက်အကြာတွင် ဒုတိယသမ္မတ Dang Thi Ngoc Thinh သည် စက်တင်ဘာလ ၂၃ ရက်တွင် ယာယီသမ္မတဖြစ်လာခဲ့ကြောင်း Vietnam News Agency အရ သိရသည်။
Thinh ၏ ရာထူးသစ်အတွက် ကြေညာချက်ကို ဗီယက်နမ်နိုင်ငံ အမျိုးသားညီလာခံ အမြဲတမ်းကော်မတီ၏ ကိုယ်စား အမျိုးသားညီလာခံ ဥက္ကဋ္ဌ Nguyen Thi Kim Ngan က စက်တင်ဘာလ ၂၃ ရက်၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
Thinh သည် ၂၀၁၆ ခုနှစ် ဧပြီလမှစ၍ ဒုတိယသမ္မတတာဝန်ထမ်းဆောင်ခဲ့ခြင်း ဖြစ်သည်။
၎င်းသည် ဥပဒေပြုလွှတ်တော်က သမ္မတသစ်အား ရွေးချယ်ခြင်းမပြုမီတိုင်အောင် ယာယီသမ္မတအဖြစ် တာဝန်ယူမည် ဖြစ်သည်။ (Xinhua)