Asia
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်း က နျူကလီးယား လက်နက်များအား အသင့်ပြင်ထားရန် ပြောကြား
ပြုံယမ်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားနိုင်ငံ (DPRK) ခေါင်းဆောင် ကင်ဂျုံအန်း က နျူကလီးယား လက်နက်များအား စစ်ရေး လှုပ်ရှားမှုများအတွက် အသင့်ပြင်ထားရန် ပဲ့ထိန်း ဒုံးကျည်များ ပစ်ခတ်သည့် စစ်ရေးလေ့ကျင့်ပွဲသို့ တက်ရောက် ကြည့်ရှုစဉ် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။
ကင်သည် တောင်ကိုရီးယားနိုင်ငံ (ROK) ၏ တိုက်ခိုက်မှု ညွှန်ကြားရေး စင်တာများနှင့် အာရှ-ပစိဖိတ် ဒေသအတွင်းရှိ အမေရိကန်နိုင်ငံ စစ်အခြေစိုက် စခန်းများ အား ပစ်မှတ်ထားသည့် မဟာဗျူဟာမြောက် စစ်တပ်၏ နျူကလီးယား လက်နက်များအား စစ်ရေးလှုပ်ရှားမှုများ နှင့် တိကျ ပြတ်သားသော စစ်ပွဲတစ်ခု အတွက် အသင့်ပြင်ထားရန် အမိန့်ပေးညွှန်ကြားခဲ့ကြောင်း သိရသည်။
ကင် က နျူကလီးယားဆိုင်ရာ သုတေသန လုပ်ငန်းနှင့် ဒုံးပျံသုတေသန လုပ်ငန်းများကြား ပူးပေါင်းဆောင်ရွက် မှုများ ပိုမိုအားကောင်းလာစေရန် လိုအပ်ကြောင်း၊ အသစ် ထုတ်လုပ်လိုက်သည့် နျူကလီးယား ထိပ်ဖူးများ၏ စွမ်းအားကို ခန့်မှန်းတွက်ချက်နိုင်ရန်နှင့် နျူကလီးယားတိုက်ခိုက်မှု စွမ်းရည် မြင့်မားလာစေရန် အနာဂါတ်တွင် နျူကလီးယားဆိုင်ရာ စမ်းသပ်ချက်များ ပိုမိုလုပ်ဆောင်ရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ (Xinhua)