Asia
မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် ထိပ်သီးအစည်းအဝေး တက်ရောက်ရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိ

စင်ကာပူ၊ ဇွန် ၁၀ ရက် (ဆင်ဟွာ)
ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌနှင့် မြောက်ကိုရီးယားနိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်သည် စင်ကာပူနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan က ဇွန်လ ၁၀ ရက်တွင် တွစ်တာပေါ်၌ ရေးသားထားကြောင်း သိရသည်။
ကင်သည် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် ဇွန်လ ၁၂ ရက်တွင် တွေ့ဆုံရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံသို့ ဇွန်လ ၁၀ ရက်ညနေပိုင်းတွင် ရောက်ရှိမည်ဟု သိရသည်။ (Xinhua)