Connect with us

Asia

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း ဒေသ တွင် မိုးထစ်ချုန်း ရွာသွန်းမှုကြောင့် လူပေါင်း အနည်းဆုံး ၂၇ ဦး သေဆုံး

အိန္ဒိယ နိုင်ငံ တွင် ၂၀၁၈ ခုနှစ် မေလ ပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှု ဖြစ်ပွား ခဲ့သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇွန် ၉ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ အရှေ့မြောက်ပိုင်း Bihar ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က ပြည်နယ်အတွင်း ဇွန်လ ၈ ရက်နေ့ ၌ မိုးထစ်ချုန်း ရွာသွန်းမှု ဖြစ်ပွား ခဲ့သောကြောင့် လူပေါင်း အနည်းဆုံး ၂၇ ဦး သေဆုံး ခဲ့ပြီး ၃၄ ဦး ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူ အများစု မှာ မိုးကြိုးပစ်ခံရသဖြင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Bihar ပြည်နယ် သဘာဝဘေး ထိန်းချုပ်ရေး ဝန်ကြီးဌာန အရာရှိ တစ်ဦး က ပြည်နယ် အတွင်း ဒေသ အချို့တွင် သဘာဝဘေး အား ပိုမို ဆိုးရွားစွာ ခံစား ခဲ့ရပြီး စိုက်ပျိုးရေး သီးနှံများမှာလည်း ဆိုးရွားသည့် ရာသီဥတု အခြေအနေကြောင့် ပျက်ဆီး ခဲ့ရကြောင်း ပြောကြား ခဲ့သည်။

အိန္ဒိယ နိုင်ငံ မိုးလေဝသ ဌာန က ဇွန်လ ၉ ရက်နေ့ ၌ လာမည့် ၄၈ နာရီ အတွင်း နိုင်ငံအတွင်း ပြည်နယ် အချို့ တွင် မိုးထစ်ချုန်း ရွာသွန်းမှု ဆက်လက်ဖြစ်ပွား နိုင်ခြေရှိကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

အိန္ဒိယ နိုင်ငံ မြောက်ပိုင်း ဒေသ သည် မေလ မှ စတင်၍ ဆိုးရွားသည့် ရာသီဥတု နှင့် ကြုံတွေ့ ခဲ့ရပြီး မေလ အတွင်း ဖြစ်ပွား ခဲ့သည့် သဲမုန်တိုင်း နှင့် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူပေါင်း နှစ်ရာကျော် သေဆုံး ခဲ့ရပြီး လေးရာကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.