Connect with us

Asia

စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန် တို့တွေ့ဆုံဆွေးနွေး


စင်ကာပူ ၊ ဇွန် ၁၁ ရက်(ဆင်ဟွာ)

စင်ကာပူနိုင်ငံဝန်ကြီးချုပ်လီရှန်လွန်း နှင့် မြောက်ကိုရီးယားနိုင်ငံ နိုင်ငံရေးရာ ကော်မရှင် ဥက္ကဋ္ဌ နှင့် ကိုရီယား အလုပ်သမားပါတီ (WPK) ဥက္ကဋ္ဌကင်ဂျုံအန် တို့သည် ဇွန်လ ၁ဝ ရက်က စင်ကာပူနိုင်ငံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်(ယာ) နှင့် စင်ကာပူနိုင်ငံဝန်ကြီးချုပ် လီရှန်လွန်း(ဝဲ) တို့ဆွေးနွေးစဉ်(ဆင်ဟွာ)

ကင်ဂျုံအန် သည် စင်ကာပူနိုင်ငံ ဆန်တိုဆာကျွန်းပေါ်ရှိ Capella ဟိုတယ်၌ ဇွန်လ ၁၂ ရက်တွင် အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်နှင့် ထိပ်သီးအစည်းအဝေး ကျင်းပရန် စင်ကာပူနိုင်ငံသို့ရောက်ရှိနေခြင်းဖြစ်သည်။အဆိုပါထိပ်သီးအစည်းအဝေးမှာ မြောက်ကိုရီးယားခေါင်းဆောင် နှင့် အမေရိကန်သမ္မတ တို့အကြား ပထမဆုံးအကြိမ် ပြုလုပ်သည့် အစည်းအဝေးဖြစ်သည်။အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်သည် ဇွန်လ ၁ဝ ရက် ညပိုင်းတွင် စင်ကာပူနိုင်ငံသို့ရောက်ရှိလာခဲ့ကြောင်း သိရသည်။(Xinhua)