Asia
သီရိလင်္ကာတွင် ရာသီဥတုပူပြင်းမှုဒဏ်ကို လူ ၅၀,၀၀၀ကျော် ခံစားနေရ

ကိုလံဘို၊ ဧပြီ ၂ရက် (ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံ ၏ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန က နိုင်ငံတစ်ဝန်း အလွန်ပူပြင်းခြောက်သွေ့သည့် ရာသီဥတုဒဏ်ကို လူ ၅၀,၀၀၀ကျော် ခံစားနေရကြောင်း ဧပြီ ၁ရက်တွင်ပြောကြားခဲ့သည်။
ဌာနက အထူး သဖြင့် တောင်တန်းဒေသများတွင် မိုးခေါင်မှုကြောင့် ရေပြတ်တောက်မှုများ ဆိုးရွားစွာဖြစ်ပွားလျက်ရှိကြောင်း ပြောကြားခဲ့သည်။
သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးဌာန လက်ထောက်ညွှန်ကြားရေးမှူး Pradeep Kodippili က မိသားစုများအတွက် သန့်ရှင်းသည့်ရေများ ဖြန့်ဝေပေးရန် ရေသယ်ယာဉ်များကို ရေပြတ်လပ်ရာဒေသအများအပြား ၌နေရာချထားပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
Kodippili က ပြည်သူများအနေဖြင့် အလွန်ပူပြင်းသည့် ရာသီဥတုကြောင့် သတိထား၍ နေအိမ်အတွင်း၌ သာနေထိုင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။
အပူချိန်သည် ၄၁ဒီဂရီ စင်တီဂရိတ်အထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။ (Xinhua)