Asia
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်တွင် တောင်ပြိုမှုကြောင့် အနည်းဆုံး လူ ၄ ဦး သေဆုံး

ဂျာကာတာ ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျားဗားပြည်နယ်တွင် ဒီဇင်ဘာ ၃၁ ရက်က တောင်ပြိုမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနက ယင်းနေ့ ပြောကြားခဲ့သည်။
အနောက်ဂျားဗားပြည်နယ် Sukabumiခရိုင်တွင် ယခုရက်ပိုင်းများ၌ မိုးရက်ဆက် ရွာသွန်းမှုကြောင့် ဒီဇင်ဘာ ၃၁ ရက် ၁၇ နာရီခန့်က တောင်ပြိုမှုတစ်ခုဖြစ်ပွားခဲ့ရာ အနီးရှိ လူနေအိမ်ခြေ ၃၄ အိမ်ခန့် ပိတ်မိနေခဲ့ကြောင်း သိရသည်။ အချင်းဖြစ်ပွားမှုတွင် လူ ၈ ဦးခန့် တောင်ပြိုရာတွင် မြေပိခံနေရခြင်း ဖြစ်နိုင်ကြောင်းနှင့် သေဆုံးသူ ရုပ်အလောင်း ၄ ခုကို ရှာဖွေတွေ့ရှိထားကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဌာနမှ သိရသည်။
ပူးတွဲကယ်ဆယ်ရေးအဖွဲ့များက အချင်းဖြစ်နေရာကို အရေးပေါ်သွားရောက်ကယ်ဆယ်မှုများပြုလုပ်နေ သော်လည်း မိုးရွာသွန်းမှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ဆက်သွယ်ရေး အဆင်မပြေမှုများ ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရကြောင်း သိရသည်။
နှစ်စဉ် နိုဝင်ဘာလ မှ ဧပြီလ အထိသည် အင်ဒိုနီးရှားနိုင်ငံ၏ မိုးရာသီဖြစ်ပြီး တောင်ပြိုမှုများ ၊ရေကြီးရေလျှံမှုများ အဖြစ်များသည့် ကာလဖြစ်သည်။ (Xinhua)