Connect with us

Asia

အိန္ဒိယ နိုင်ငံတွင် သမ္မတ ရွေးကောက်ပွဲ စတင်ကျင်းပ

အာဏာရ BJP ပါတီ မှ သမ္မတလောင်း Ram Nath Kovind (ဝဲ) နှင့် ပြိုင်ဘက် ကွန်ဂရက်ပါတီမှ သမ္မတလောင်း Meira Kumar (ယာ) တို့အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ သမ္မတရွေးကောက်ပွဲ အား ဇူလိုင် ၁၇ ရက်တွင် စတင်ကျင်းပခဲ့ပြီး အာဏာရ BJP ပါတီ မှ သမ္မတလောင်း Ram Nath Kovind နှင့် ပြိုင်ဘက် ကွန်ဂရက်ပါတီမှ သမ္မတလောင်း Meira Kumar နှစ်ဦး အနက် တစ်ဦးအား လွှတ်တော်အမတ်များ နှင့် ပြည်နယ်ကိုယ်စားလှယ်များက ဆန္ဒမဲပေးရွေးချယ်ကြမည်ဖြစ်ကြောင်း သိရသည်။

ဆန္ဒမဲပေးမှုသည် ဒေသစံတော်ချိန် နံနက် ၁၀း၀၀နာရီတွင် စတင်ခဲ့ပြီး ညနေ ၅း၀၀နာရီတွင် ပြီးဆုံးမည်ဖြစ်ကြောင်းသိရသည်။ နိုင်ငံတစ်ဝန်း ဆန္ဒမဲပေးခွင့်ရှိသူ လွှတ်တော်အမတ်များ နှင့် ပြည်နယ်ကိုယ်စားလှယ် စုစုပေါင်း ၄,၈၉၆ဦးတို့က ဆန္ဒပေးကြမည်ဖြစ်ပြီး မဲရလဒ်များအား ဇူလိုင် ၂၀ ရက်တွင် ကြေညာသွားမည်ဖြစ်သည်။

သမ္မတရွေးကောက်ပွဲ အနိုင်ရရှိသူသည် ဇူလိုင် ၂၇ ရက်တွင် ၅နှစ် သက်တမ်းရှိ သမ္မတရာထူးအား လက်ခံရန် ကျမ်းသစ္စာကျိန်ဆိုမည် ဖြစ်ပြီး လက်ရှိသမ္မတ ပါရာနပ် မူခါဂျီ၏ နေရာတွင် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ လက်ရှိသမ္မတ မူခါဂျီသည် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်ပြီး ၂၀၁၂ခုနှစ်ကစ၍ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.