Connect with us

Asia

အီရန်နိုင်ငံ သမ္မတ ၏ ညီဖြစ်သူအား ငွေကြေးဆိုင်ရာ စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်း

အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ အားတွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံ တရားစီရင်ရေးအဖွဲ့က အီရန်နိုင်ငံ သမ္မတ ဟာဆန်ရိုဟာနီ ၏ ညီအငယ်ဖြစ်သူ ဟူစိန် ဖာရ်ဒွန်း အား ငွေကြေးဆိုင်ရာ စွဲချက်များဖြင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း ဇူလိုင် ၁၆ ရက် က အတည်ပြုပြောကြားခဲ့သည်။

ဒုတိယ တရားသူကြီးချုပ် Gholamhossein Mohseni Ejeie က သမ္မတ၏ ထိပ်တန်းလက်ထောက်တစ်ဦး ဖြစ်သော ဖာရ်ဒွန်း သည် တရားစီရင်ရေးအဖွဲ့က ချမှတ်ထားသော အာမခံငွေအား ပေးသွင်းရန် ပျက်ကွက်ခဲ့သည့် အတွက် ၎င်းအား အကျဉ်းကျထားကြောင်း သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။တရားစီရင်ရေးအဖွဲ့က ဖာရ်ဒွန်း အပေါ် ဇူလိုင် ၁၅ ရက် က တရားစွဲဆိုခြင်းများမပြုလုပ်ခင် ၎င်းအား စုံစမ်းစစ်ဆေးမှုများစွာပြုလုပ်ခဲ့ကြောင်း Ejeie ကပြောကြားခဲ့ပြီး တရားစွဲဆိုမှုနှင့် ပတ်သက်၍ အခြားအသေးစိတ်အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း သိရသည်။

Ejeie က ဖာရ်ဒွန်း အနေဖြင့် အာမခံကြေးအား ပေးဆောင်ပါက ၎င်းကို ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။အခြားလူအများအပြားကိုလည်း အဆိုပါအမှုကိစ္စ နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းမှုများပြုလုပ်နေပြီး စုံစမ်းစစ်ဆေးမှုကို ဆက်လက်လုပ်ဆောင်နေကြောင်း ၎င်းကပြောကြားခဲ့သည်။

ရိုဟာနီအား ထောက်ခံသူများက ဖာရ်ဒွန်း အပေါ် စွဲဆိုချက်များအား နိုင်ငံရေးအရလှုံ့ဆော်မှု အဖြစ် သံသယဝင်လျက်ရှိကြောင်း သိရသည်။ ဖာရ်ဒွန်း သည် ၂၀၁၅ခုနှစ်တွင် သဘောတူညီချက်တစ်ခု သို့ ဦးတည်စေခဲ့သည့် အင်အားကြီးနိုင်ငံများ နှင့် နျူကလီးယားဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117