Asia
အိန္ဒိယနိုင်ငံ တွင် မီးပန်းစက်ရုံပေါက်ကွဲမှုကြောင့် လူ ၃ဦးသေဆုံး

နယူးဒေလီ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ တောင်ပိုင်း Andhra Pradesh ပြည်နယ်ရှိ တရားမဝင် မီးရှူးမီးပန်းစက်ရုံတစ်ခု ၌ စက်တင်ဘာ ၂၂ ရက် က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ဦးသေဆုံးပြီး အခြားလူ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
အဆိုပါ ဖြစ်ရပ်သည် Andhra Pradesh ပြည်နယ် Rajahmahendravaram ခရိုင် ရှိ မီးရှူးမီးပန်း ထုတ်လုပ်ရာ စက်ရုံတစ်ခုတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
သက်ငယ်မိုးအိမ်တစ်အိမ် အတွင်း မီးရှူးမီးပန်းများပြုလုပ်နေစဉ် စက်တင်ဘာ ၂၂ ရက်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဒေသခံရဲချုပ် Shemushi Bajpayee က လူ ၃ဦး မီးလောင်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသည့် အခြားလူ ၃ဦးအား ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း မီဒီယာသို့ပြောကြားခဲ့သည်။
၎င်းက ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးနေကြောင်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ ရှိ မီးရှူးမီးပန်းစက်ရုံများတွင် မကြာခဏ ပေါက်ကွဲမှုများဖြစ်ပွားလေ့ရှိပြီး ယင်းစက်ရုံများသည် မီးထွန်းပွဲတော်များ နှင့် မင်္ဂလာဆောင်များအတွက် မီးရှူးမီးပန်းများကို ထုတ်လုပ်ပေးနေကြောင်း သိရသည်။ စက်ရုံအသေးစားများသည် များသောအားဖြင့် တရားမဝင် လုပ်ကိုင်ကြခြင်းဖြစ်ပြီး တစ်ချို့မှာ စက်ရုံကြီးများက တစ်ဆင့် အလုပ်အပ်ကြခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)