Connect with us

Asia

ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွင် ငါးဖမ်းလှေ ၄စင်း တိမ်းမှောက်၍ အနည်ဆုံး လူ ၃၅ဦးပျောက်ဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ငါးဖမ်းလှေတစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းရိုးတန်းအလွန်တွင် ငါးဖမ်းလှေ ၄စင်း တိမ်းမှောက်ခဲ့ပြီးနောက် အနည်းဆုံး လူ ၃၅ဦး ပျောက်ဆုံးနေကြောင်း နှင့် ဘင်္ဂလားပင်လယ်အော်တွင် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေကြောင်း ရဲအရာရှိတစ်ဦး က စက်တင်ဘာ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

စက်တင်ဘာ ၂၀ ရက်တွင် ငါးဖမ်းလှေများ တိမ်းမှောက်မှုကြောင့် အနည်းဆုံး ငါးဖမ်းသမား ၃၅ဦးပျောက်ဆုံးနေကြောင်း မြို့တော် ဒါကာမြို့ မှ ၂၀၄ကီလိုမီတာကွာဝေးသော တောင်ပိုင်း Patuakhali ခရိုင် Kuakata မြို့ ရှိ ရဲစခန်းတစ်ခု မှ အကြီးတန်း ရဲအရာရှိ Khalilur Rahman က ဆင်ဟွာသို့ ဖြေကြားခဲ့သည်။

၎င်းက ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေဆဲဖြစ်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်း က လေပြင်းများတိုက်ခတ်မှုကြောင့် စက်တင်ဘာ ၂၀ ရက်တွင် Kuakata ကမ်းရိုးတန်းတစ်လျှောက်၌ ငါးဖမ်းလှေများ တိမ်းမှောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တိမ်းမှောက်ခဲ့သည့် လှေများမှ ငါးဖမ်းသမား ၅ဦး သည် ကမ်းခြေသို့ စက်တင်ဘာ ၂၁ ရက်တွင် ရောက်ရှိလာခဲ့ပြီး ယင်းဖြစ်ရပ်အား အကြောင်းကြားခဲ့ကြောင်း သိရသည်။

ပင်လယ်လှိုင်းထန်နေသောကြောင့် အနီးမှ သင်္ဘောများလည်း ၎င်းတို့ကို ကယ်ဆယ်နိုင်ခြင်းမရှိခဲ့ကြောင်း အသက်ရှင်ကျန်ရစ်သူများကပြောကြားခဲ့သည်။

စက်တင်ဘာ ၂၁ ရက်တွင် ရာသီဥတုကြမ်းတမ်းမှုကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေကြောင်း အရာရှိက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.