Connect with us

Asia

မော်လ်ဒိုက်နိုင်ငံ သမ္မတရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်း စတင်

မော်လ်ဒိုက်နိုင်ငံ ရွေးကောက်ပွဲတွင် ဆန္ဒမဲလာထည့်သူများအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

မေးလ်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ)

မော်လ်ဒိုက်နိုင်ငံ သမ္မတ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခြင်းကို စက်တင်ဘာလ ၂၃ ရက် အစောပိုင်းတွင် စတင်လိုက်ကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းရှိ မဲရုံ ပြင်ပတွင် ဆန္ဒမဲပေးမည့်သူများစွာ စီတန်းလျက်ရှိကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောခဲ့သည်။

ရွေးကောက်ပွဲကော်မရှင်၏ တရားဝင်စာရင်းအင်းများအရ နိုင်ငံတစ်ဝန်း မဲရုံ ၄၇၂ ရုံတွင် ဆန္ဒမဲပေးသူ ၂၆၂,၁၃၅ ဦးက မဲလာပေးကြကြောင်း သိရသည်။

ဆန္ဒမဲများကို စက်တင်ဘာလ ၂၃ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် စတင်ခဲ့ပြီး ညနေ ၄း၀၀ နာရီတွင် မဲရုံများပိတ်သိမ်းမည် ဖြစ်ကြောင်း သိရသည်။

ကနဦးရလဒ်များမှာ စက်တင်ဘာလ ၂၄ ရက်တွင် ထွက်ရှိလာနိုင်ရန် မျှော်မှန်းထားပြီး အဆုံးသတ်မဲရလဒ်များကို စက်တင်ဘာလ ၃၀ ရက်၌ ထုတ်ပြန်ကြေညာမည်ဟု ခန့်မှန်းထားကြောင်း ဒေသခံ သတင်းများက ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117