Connect with us

Australia / Oceania

ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့သည့် ဖီဂျီနိုင်ငံတွင် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်

ဖီဂျီနိုင်ငံတွင် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် နေအိမ်တစ်လုံးအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆူဗာ၊ ဖေဖော်ဝါရီ ၂၉ ရက် (ဆင်ဟွာ)

ဖီဂျီနိုင်ငံတွင် အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်း ဝင်စတန် တိုက်ခတ်မှုကို ခံစားရပြီးနောက် ဖေဖော်ဝါရီလ ၂၉ ရက်တွင် စာသင်ကျောင်း အများစု ပြန်လည် ဖွင့်လှစ်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။

ဖီဂျီနိုင်ငံ အစိုးရက ကျောင်းသား၊ ကျောင်းသူများအား မတ်လ ၇ ရက် မတိုင်ခင် စာသင်ကျောင်း များသို့ ပြန်လည် တက်ရောက်ရန် နှိုးဆော်ထားကြောင်း သိရသည်။

အချို့သော စာသင်ကျောင်းများသည် မုန်တိုင်းဒဏ်ကို ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး ထိခိုက် ပျက်စီးမှုများ ရှိခဲ့၍ ဆရာများနှင့် ကျောင်းသားများ အတွက် အန္တရာယ် ရှိနိုင်ကြောင်း သိရသည်။

ကျောင်းသားမိဘများအား စာသင်ကျောင်းများ ပြန်လည် မဖွင့်လှစ်ခဲ့ပါက ၎င်းတို့၏ သားသမီးများအတွက် အခြားနည်းလမ်းဖြင့် ပညာသင်ကြားနိုင်ရေး စီစဉ်ပေးရန် တိုက်တွန်းထားကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာန သည် စာသင်ကျောင်းများ ပြန်လည်ပြုပြင်ခြင်း၊ မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် ဒေသများ တွင် ယာယီ စာသင်ကျောင်းများ ဖွင့်လှစ်ပေးခြင်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို ထုတ်ပြန်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.