Connect with us

Australia / Oceania

သြစတြေးလျ ပီဇာကုမ္ပဏီ တစ်ခုက ကမ္ဘာ့ပထမဆုံး ပီဇာပို့စက်ရုပ် အား ထုတ်ဖော်ပြသ

DRU အမည်ရှိ ကမ္ဘာ့ပထမဆုံး ပီဇာပို့ စက်ရုပ်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ မတ် ၁၈ ရက် (ဆင်ဟွာ)

သြစတြေးလျ ပီဇာ ကုမ္ပဏီ တစ်ခုဖြစ်သည့် Domino သည် ကမ္ဘာ့ပထမဆုံး အလိုအလျောက် ပီဇာပို့ဆောင် သည့် စက်ရုပ်အား ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဖက်သုံး ရှေ့ပြေးပုံစံ စက်ရုပ် အား “Domino’s Robotis Unit” DRU ဟု အမည်ပေးထားကြောင်း သိရသည်။ ၎င်းသည် လေဆာစနစ်ကို အသုံးပြု၍ အတားအဆီးများကို ရှောင်ကွင်းနိုင်ပြီး ဝယ်သူများထံ ပီဇာပို့ဆောင်နိုင်မည့်အပြင် ငွေပေးချေမှုများကိုလည်း လက်ခံနိုင်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အလိုအလျောက် သွားလာနိုင်သည့် စက်ရုပ်များသည် အခွင့်အလမ်းသစ်များကို ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ နိုင်ငံတကာနှင့် သြစတြေးလျနိုင်ငံတွင် Domino ကုမ္ပဏီအတွက် ဆန်းသစ် တီထွင်မှုများကို ဖန်းတီးပေးနိုင်မည် ဖြစ်ကြောင်း Domino ကုမ္ပဏီ အုပ်စု၏ စီအီးအို နှင့် မန်းနေဂျင်း ဒါရိုက်တာဖြစ်သူ Don Meij က ထုတ်ပြန်ချက်တစ်ခု တွင် မတ်လ ၁၈ ရက် ကပြောကြားခဲ့သည်။

ယင်း DRU ရှေ့ပြေးပုံစံသည် ပီဇာပို့ဆောင်မှု စနစ် တစ်ခုလုံးကို ဆန်းသစ်မှုဖြင့် ပြောင်းလဲ တော်လှန်ရန် လုပ်ဆောင်နေသည့် ကုမ္ပဏီ အတွက် ပထမဆုံး ဖွံ့ဖြိုး တိုးတက်မှု ခြေလှမ်း တစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

DRU သည် တစ်နာရီလျှင် ၂၀ ကီလိုမီတာနှုန်းဖြင့် သွားလာနိုင်ပြီး ၎င်းအား လူသွားလမ်း၊ ရထားလမ်းနှင့် စက်ဘီးလမ်း တို့ တွင် လမ်းကြောင်းရှာ သွားလာနိုင်ရန် တည်ဆောက်ထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.