Connect with us

Australia / Oceania

နယူးကယ်လီဒိုးနီးယား၌ ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်လှုပ် ၊ ဆူနာမီသတိပေးခြင်း မရှိဟု ဆို

ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားနိုင်ငံ ကမ်းခြေအား တွေ့ရစဉ် ( ဓာတ်ပုံ-အင်တာနက်)

ဆူဝ ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

တောင်ပစိဖိတ်သမုဒ္ဒရာအတွင်းရှိ နယူးကယ်လီဒိုးနီးယားကျွန်းနိုင်ငံ၌ သြဂုတ်လ ၁၂ ရက်က ပြင်းအား ၇.၂ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုပထဝီဝင်ဌာနလေ့လာတိုင်းတာရေး(USGS) ဌာနက ဆိုသည်။

လတ်တလောတွင် သေဆုံး နှင့် ထိခိုက်ဒဏ်ရာ ရမှုအခြေအနေများကို သတင်း ထုတ်ပြန်ထားခြင်း မရှိသေးပေ။ အဆိုပါ အင်အားပြင်းငလျင်သည် ဒေသစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၂၆ မိနစ်တွင် နယူးကယ်လီဒိုးနီးယားနိုင်ငံ Ile Hunter ကမ်းခြေ အရှေ့ပိုင်း ၁ဝ၉ ကီလိုမီတာအကွာ၌ မြေအောက် ၉.၉ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါ ငလျင်ပြင်းအားကို ကနဦးတွင် ၇.၅ အဆင့်ရှိသည်ဟု ခန့်မှန်းခဲ့ပြီး နောက်ပိုင်းတွင် ၇.၆ ၊ ထိုမှတဆင့် ၇.၂ ပြင်းအားအဆင့်ရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် ဟာဝိုင်ယီကျွန်းအခြေစိုက် ပစိဖိတ်ဆူနာမီသတိပေးစင်တာသည် ငလျင်ဗဟိုချက်မှ နေ၍ ၁ဝဝဝ ကီလိုမီတာအတွင်း ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ခြေ ရှိကြောင်း သတိပေးမှုများပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် “ အခုတော့ ငလျင်ကြောင့် ဆူနာမီ အန္တရာယ်မရှိနိုင်တော့ပါဘူး” ဟု ပြန်လည် ထုတ်ပြန်ခဲ့သည်။
ဖစိဖိတ်ကျွန်းနိုင်ငံများဖြစ်သည့် ဖီဂျီ နှင့် နယူးကယ်လီဒိုးနီးယား နိုင်ငံများသည် “ ပစိဖိတ်မီးကွင်း” ဟု ခေါ်ဆိုသည့် ငလျင် နှင့် မီးတောင်ဇုံများတွင် ကျရောက်နေပြီး မကြာခဏဆိုသလို ဆူနာမီသတိပေးမှုများရှိခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.