Connect with us

Australia / Oceania

မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ် တစ်ဦး ကားတိုက်မှုကြောင့်သေဆုံး

ကားတိုက်မှုကြောင့်သေဆုံးခဲ့သည့် မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ် Elyse Miller-Kennedy အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဆစ်ဒနီ၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

မယ်ကမ္ဘာသြစတြေးလျ ဆန်ကာတင် စာရင်းဝင် အလှမယ်တစ်ဦးသည် ပြင်သစ်နိုင်ငံသား နှစ်ဦးမောင်းနှင်လာ သည့် ကား နှင့် တိုက်မိ၍ သေဆုံးခဲ့ပြီး ၎င်း ကားသည် လမ်းပြောင်းပြန်မောင်းနှင်လာခြင်း ဖြစ်ကြောင်း သိရသည်။

အသက် ၁၇နှစ်အရွယ် Elyse Miller-Kennedy အမည်ရှိ အလှမယ်သည် ကွင်းစလန်ပြည်နယ် မှ တစ်ဆင့် မယ်ကမ္ဘာ သြစတြေးလျ ပြိုင်ပွဲသို့ ဝင်ရောက် ယှဉ်ပြိုင်ရာ ဆန်ကာတင် အဆင့် အထိ ရွေးချယ်ခံထားရသူ တစ်ဦးဖြစ်ပြီး ၎င်းသည် ကားတိုက်ခံရမှုကြောင့် ဆေးရုံသို့တက်ရောက်နေစဉ် ဦးခေါင်း၊ ရင်ဘတ် နှင့် ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ရရှိခဲ့သည့် ပြင်းထန်သော ဒဏ်ရာများကြောင့် တစ်ပတ်အကြာ ၌ ညပိုင်းတွင် ကွယ်လွန်ခဲ့ကြောင်း Australlia’s Courier Mail သတင်းစာ က သြဂုတ် ၁၂ တွင်ဖော်ပြခဲ့သည်။
အဆိုပါ ကားတိုက်မှုသည် ပြင်သစ်ခရီးသွား နှစ်ဦး၏ လမ်းပြောင်းပြန် မောင်းနှင်လာမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ပြင်သစ်နိုင်ငံသား ယာဉ်မောင်းသူ သည် ကားတိုက်မှုကြောင့် ဆေးရုံတက်ရောက်နေရာမှ ပြန်လည်ကောင်းမွန် လာပြီဖြစ်ပြီး အာဏာပိုင်များက ၎င်းအား တရားဝင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်သွားပြီးနောက် မှုခင်းဆိုင်ရာ စစ်ဆေးရေးမှူးများ ထံမှ သက်သေများနှင့် အတူ စွဲချက်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သြစတြေးလျ အလှမယ် အဖွဲ့အစည်းကလည်း Elyse Miller-Kennedy ကဲ့သို့ ရင့်ကျက်ပြီး ပျော်ရွှင်စွာ နေတတ်သည့် မိန်းကလေးတစ်ယောက်အား ဆုံးရှုံးခဲ့ရ၍ ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။
လက်ရှိ မယ်ကမ္ဘာသြစတြေးလျ အလှမယ် Madeline Cowe က Elyse Miller-Kennedyသည် လှပချောမော၍ စိတ်သဘောထားကောင်းမွန်ပြီး ၎င်း လိုချင်သည့် အရာအား မဖြစ်မနေကြိုးစား၍ ရယူတတ်သည့် မိန်းကလေး တစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.