Connect with us

Australia / Oceania

အာရှအခြေခံ အဆောက်အဦး ရင်းနှီးမြှပ်နှံမှု ဘဏ် ရဲ့ဖွဲ့စည်းပုံ၊ ဆုံးဖြတ်ချက် လုပ်ထုံးလုပ်နည်း တွေကို သြစတြေးလျ ဘဏ္ဍာရေး အကြီးအကဲ ယုံကြည်မှုရှိ

အာရှ အခြေခံ အဆောက်အဦး ရင်းနှီးမြှုပ်နှံမှု ဘဏ် (AIIB) ၏ သဘောတူညီမှု လက်မှတ် ရေးထိုးပွဲမြင်ကွင်း (ဆင်ဟွာ)

ကန်ဘာရာ၊ ဇူလိုင် ၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဆိုပြုထားတဲ့ အာရှအခြေခံ အဆောက် အဦး ရင်းနှီးမြှပ်နှံမှု ဘဏ် (AIIB) ဖွဲ့စည်း တည်ဆောက်ပုံနဲ့ ဆုံးဖြတ်ချက် လုပ်ထုံး လုပ်နည်းတွေကို ယုံကြည်မှုရှိကြောင်း သြစတြေးလျနိုင်ငံ ဘဏ္ဍာရေး အကြီးအကဲ ဂျိုးဟော့ကီက သြစတြေးလျနဲ့ နိုင်ငံတကာ မီဒီယာတွေကို ပြောကြားသည်။

Bloomberg တီဗီနဲ့တွေ့ဆုံစဉ် “အထူးသဖြင့် အာရှ ပစိဖိတ် ဒေသအတွင်း လာမယ့် ဆယ်နှစ် မှာကြုံတွေ့ရနိုင်တဲ့ အမေရိကန် ဒေါ်လာ ရှစ် ထရီလီယံခန့် ရှိတဲ့ ခြေခံ အဆောက်အအုံ မလုံလောက်မှုမှာ သြစတြေးလျ နိုင်ငံ အနေနဲ့ အခြေခံ အဆောက်အအုံသစ်ရဲ့ အဓိက အကျိုး ခံစားခွင့်ရှိသူ ဖြစ်လာနိုင်တယ်”လို့ ဂျိုးဟော့ကီ က ပြောပါသည်။

AIIB ရဲ့ဖွဲ့စည်းပုံအပေါ် အမေရိကန် သဘောထားနဲ့ ပတ်သက်ပြီး သည်ဘဏ်ရဲ့ အုပ်ချုပ်မှုပိုင်းဟာ အခြား နိုင်ငံတကာ ဘဏ်တွေရဲ့ အကောင်းဆုံး စည်းမျဉ်း စည်းကမ်းတွေကို ပေါင်းစပ်ထားတာ ဖြစ်ကြောင်း ပြောပါသည်။ အနည်းစု ရှယ်ယာရှင်တွေကိုလည်း ဖိနှိပ်ထားတာ မရှိကြောင်းနဲ့ ရှယ်ယာ အများစု ပိုင်ဆိုင်သူ တစ်ဦးတည်းကနေ ချုပ်ကိုင်တာမျိုးတွေလည်း ရှိမှာမဟုတ်ကြောင်း ဟော့ကီ က Bloomberg နဲ့ တွေ့ဆုံစဉ်က ပြောပါတယ်။

ဟော့ကီသည် AIIB ကို သဘောတူ စာချုပ် လက်မှတ်ရေးထိုးဖို့ ပေကျင်းကို တနင်္လာနေ့က ရောက်ရှိစဉ်က သြစတြေးလျ နိုင်ငံအတွက် မူဘောင်တွေ၊ စီမံခန့်ခွဲမှုနဲ့ သက်ဆိုင်တဲ့ အဓိက အချက်တွေကို လျာထားခဲ့ပါသည်။ သြစတြေးလျ နိုင်ငံအနေနဲ့ ရင်းနှီး မတည်ငွေ သြစတြေးလျ ဒေါ်လာ ၉၃၀သန်း ( အမေရိကန် ဒေါ်လာ ၇၁၈ သန်း) ကို ငါးနှစ် အရစ်ကျ ထည့်ဝင်ဖို့ ကြေညာခဲ့ပါသည်။

သြစတြေးလျ သတင်းစာနဲ့ တွေ့ဆုံစဉ်မှာတော့ သူက တရုတ်နိုင်ငံဟာ ကမ္ဘာ့ဘဏ်၊ အာရှ ဖွံ့ဖြိုးမှုဘဏ် တွေနည်းတူ အဖွဲ့အစည်းတွေ လုပ်ဆောင်ရာမှာ လွယ်ကူအောင် ပံ့ပိုး ပေးသွားမှာ ဖြစ်ကြောင်း၊ တရုတ်နိုင်ငံဟာ ကမ္ဘာကို ကူညီလိုကြောင်းနဲ့ ဘဏ်ရဲ့ဒါရိုက်တာ အဖွဲ့ဟာ ဆုံးဖြတ်ပိုင်ခွင့် ရှိသူတွေ ဖြစ်ကြောင်း ပြောပါတယ်။

ကန်ဘာရာ အနေနဲ့ AIIB မှာ ပါဝင်မှုဟာ မရှိမဖြစ် လိုအပ်ချက် တစ်ခုဖြစ်ကြောင်း ဟော့ကီရဲ့အပြောကို Australian Financial Review က ကိုးကားထားပါတယ်။ တစ်ချိန်တည်းမှာပဲ သွင်းကုန် အားထားတဲ့ နိုင်ငံတွေ အတွက် အခြေခံ အဆောက်အအုံ ရှားပါးမှု ဟာဒေသတွင်း ဖွံ့ဖြိုးမှုကို အဟန့်အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်ကြောင်း ဟော့ကီက ပြောကြားခဲ့ပါတယ်။ (Xinhua)