Connect with us

Australia / Oceania

အကြမ်းဖက်မူဝါဒ သတိပေး စနစ်သစ် သြစတြေးလျ အကောင်ထည် ဖော်ရန်ရှိ

ၾသစေၾတးလ် အစိုးရအဖွဲ့ ကောင်စီ (COAG) အစည်းအဝေး တစ်ခု မြင်ကွင်း (ဓာတ်ပုံ- coag.gov.au)

ဆစ်ဒနီ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

သြစတြေးလျနိုင်ငံ မှ ၂၀၁၅ ခုနှစ် ကုန်ပိုင်းတွင် လူထု အခြေပြု ချဉ်းကပ်နည်းကို အခြေခံသည့် အကြမ်းဖက် မူဝါဒ သတိပေး စနစ်သစ်အား ပြောင်းလဲမည့် အကြောင်းကို ဆစ်ဒနီ၌ ကျင်းပသော သြစတြေးလျ အစိုးရအဖွဲ့ ကောင်စီ (COAG) အစည်းအဝေးအပြီး ဇူလိုင်လ ၂၃ ရက်နေ့တွင် သဘော တူညီခဲ့ကြောင်း သိရပါသည်။

သတိပေးမှု အဆင့်များကို သေချာခြင်း၊ မျှော်လင့်ခြင်း၊ အလားအလာရှိခြင်း၊ ဖြစ်နိုင်ခြင်းနှင့် မျှော်လင့်မထား ခြင်း ဟူ၍ အဆင့်များ သတ်မှတ်ထားရင် လူထုကပိုပြီး နားလည် လွယ်နိုင်မည်ဟု ဝန်ကြီးချုပ် တိုနီအက်ဘော့ (Tony Abbott) က ယူဆထားပါသည်။

သြစတြေးလျ အစိုးရအဖွဲ့ ကောင်စီ အစည်းအဝေးတွင် အကြမ်းဖက်မှု ဆန့်ကျင်ရေး လှုပ်ရှားသူနှင့် စံပြ သြစတြေးလျ နိုင်ငံသူ ဆုရှင် ရိုစီ ဘတ်တီ (Rosie Batty) က မိန့်ခွန်း ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ် အက်ဘော့ က နိုင်ငံအတွင်း အကြမ်ဖက်မှု နှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မှုများအား တိုက်ဖျက်ရာ တွင် ပါဝင်ရန် သြစတြေးလျ အမျိုးသား များအား ဖိတ်ခေါ်ခဲ့ ပါသည်။

ခေါင်းဆောင်များ ကလည်း သြစတြေးလျ နိုင်ငံတွင် ပြည်တွင်း အကြမ်းဖက်မှုများ တိုက်ဖျက်ရာတွင် အမျိုးသား များက အဓိက ကျကြောင်း သဘောတူခဲ့ပါသည်။Victoria ပြည်နယ် ဝန်ကြီးချုပ် ဒယ်နီရယ် အင်န်ဒရူး က အသက်ပေါင်းများစွာကို ကယ်တင်ပေးနိုင်မည့် မှန်ကန်သော အမျိုးသားရေး စီမံကိန်းများ ရရှိရန် နီးစပ်နေပြီ ဖြစ်ကြောင်း ပြောပါသည်။

သြစတြေးလျ အစိုးရအဖွဲ့ ကောင်စီ ခေါင်းဆောင်များသည် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ဆစ်ဒနီမြို့ ၌ စုဝေးတွေ့ဆုံပြီး သြစတြေးလျ အဖွဲ့ကြီး၏ အနာဂတ်ပုံရိပ်နှင့် တာဝန်ယူခြင်း ဆိုင်ရာ စီမံခန့်ခွဲမှုများအား ဆွေးနွေး တိုင်ပင်ခဲ့ကြ ပါသည်။ အဆိုပါ အစည်းအဝေးသည် အပြုသဘောဆောင်သော အစည်းအဝေး ဖြစ်ကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူများက ပြောပါသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117