Connect with us

Eastern Europe

ရုရှား အာကာသ လုပ်ငန်း ပြုပြင်ပြောင်းလဲရန် အကျိုးတူ ပူးပေါင်းရေး အစီအစဉ် သမ္မတ ပူတင် ခွင့်ပြု

ရုရွားသမၼတ ဗလာဒီမာပူတင္ (ဆင္ဟြာ)

မော်စကို ၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ရုရှားပြည်ထောင်စု အာကာသ အေဂျင်စီ (Russian Federal Space Agency) Roscosmos ကို United Rocket and Space Corporation နှင့် ပူးပေါင်းရေး ခွင့်ပြုမိန့်ကို ရုရှားသမ္မတ ဗလာဒီမာပူတင် က တနင်္လာနေ့တွင် လက်မှတ်ရေးထိုးလိုက်ကြောင်း ကရင်မလင် သတင်းဝန်ဆောင်မှုက အွန်လိုင်း သတင်းထုတ်ပြန်ချက်တွင် ပြောပါသည်။

Roscosmos State Corporation ဟု အမည်ရသော ပူးပေါင်း ဆောင်ရွက်မှု လုပ်ငန်းအသစ်သည် ရုရှား အာကာသ လုပ်ငန်း၏ သုတေသနနှင့် ဖွံ့ဖြိုးမှု ၊ အာကာသ စူးစမ်း ရှာဖွေမှုနှင့် နိုင်ငံတကာ အာကာသ ပူးပေါင်းဆောင်ရွက်ရေး စသည့် ဧရိယာများတွင် လုပ်ငန်းလည်ပတ်မှု ကြီးကြပ်ခြင်း များအတွက် အဓိက အဖွဲ့အစည်း ဖြစ် လာမည် ဖြစ်သည်။

ယခု အဖွဲ့အစည်းသစ်ကို အစိုးရနှင့် စီးပွားရေးလုပ်ငန်း တည်ဆောက်ပုံများ၊ လုပ်ထုံးလုပ်နည်းများ စောင့်ကြည့်ရန်နှင့် လုပ်ငန်းများအတွင်း ပြဿနာများ ဖြေရှင်းအဖြေရှာရန် အတွက် အကူအညီ ဖြစ်စေဖို့ ရုရှား တာဝန်ရှိသူများက မျှော်လင့်ထားပါသည်။ရုရှား အာကာသ လုပ်ငန်း ပြုပြင်ပြောင်းလဲရေးသည် လက်တလော အားနည်းနေသော လုပ်ငန်းများအတွက် အရေးပါ လာပါလိမ့်မည်။

မေလ ၁၆ ရက်နေ့တွင် ပရိုတွန်-အမ် ဒုံးကျဉ် သည် မက္ကဆီကန် ဂြိုလ်တုကို ဂြိုလ်ပတ်လမ်း အတွင်း သို့ ပို့လွှတ်ရာ လေထုအတွင်း မီးလောင်းကျွမ်းခဲ့ပါသည်။

ဧပြီလအတွင်းကလည်း နိုင်ငံတကာ အာကာသ စခန်းသို့ M-27 M ကုန်စည်တင် အာကာသယာဉ် ပို့လွှတ်ရန် စီစဉ်ခဲ့ရာတွင်လည်း မအောင်မြင်ခဲ့ပါဘူး။

ရုရှား အာကာသ အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု မထိရောက်မှုနှင့် ပမာဏ အလွန်အကျွံ သူံးစွဲမှုများ အပေါ် ဒုတိယ ဝန်ကြီးချုပ် Dimtry Rogozin က ဝေဖန်ခဲ့ပါသေးသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.