Connect with us

Eastern Europe

၂ဝ၁၈ ခုနှစ်အတွင်း ဒုံးကျည် အစင်းပေါင်း ၄ဝ ကျော်ကို ရုရှားစစ်တပ်က မှတ်တမ်းတင်နိုင်ခဲ့

ရုရှားနိုင်ငံ၏ အာကာသစခန်းတစ်ခုကို တွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ အောက်တိုဘာ ၃ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှစတင်ကာ ရုရှားနိုင်ငံ အာကာသတပ်ဖွဲ့သည် ပြည်တွင်း နှင့် ပြည်ပမှ ပစ်လွှတ်လိုက်သော ဒုံးပျံ နှင့် ပဲ့ထိန်းဒုံးကျည် အစင်းပေါင်း ၄ဝ ကျော်ကို ခြေရာခံခြင်း နှင့် ရှာဖွေဖော်ထုတ်ခြင်းများ လုပ်ဆောင်နိုင်ခဲ့ကြောင်း ရုရှားနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနပိုင် Krasnaya Zvezda သတင်းစာက အောက်တိုဘာ ၃ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

ထို့ပြင် တစ်ကမ္ဘာလုံး၌ အာကာသလွန်းပျံယာဉ် အစင်းပေါင်း ၅ဝဝ ကျော် ဂြိုဟ်ပတ်လမ်းထဲ လွှတ်တင်ခဲ့ကြောင်း နှင့် အစင်း ၁၈ဝ မှာ ဂြိုဟ်ပတ်လမ်းကို စွန့်ခွာခဲ့ကြောင်း သတင်းစာကဆိုသည်။

ရုရှားအာကာသတပ်ဖွဲ့အနေဖြင့် ယခုနှစ် ဇန်နဝါရီလ မှ စက်တင်ဘာလ အတွင်း ရုရှားအာကာသဒုံးပျံများဆီ ဦးတည် ချဉ်းကပ်လာသည့် အန္တရာယ်ရှိသော အာကာသအတွင်းရှိ အရာဝတ္ထု ၁ဝ ခုကျော်ကိုလည်း မှတ်တမ်းတင်နိုင်ခဲ့သည်။

Sputnik သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အာကာသတပ်ဖွဲ့ဝင်များသည် နိုင်ငံရပ်ခြား နှင့် ရုရှား နိုင်ငံမှ ပစ်လွှတ်လိုက်သော ပဲ့ထိန်းဒုံး နှင့် အာကာသ ဒုံးပျံ အစင်းပေါင်း ၆ဝ ကျော်ကို ၂ဝ၁၇ ခုနှစ်အတွင်း မှတ်တမ်းတင်နိုင်ခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.