Connect with us

Eastern Europe

ရုရှား နှင့် အစ္စရေး နိုင်ငံများက ဒုတိယကမ္ဘာစစ်ရလဒ်အပေါ် ပြန်လည်သုံးသပ်ခြင်းကို ဆန့်ကျင်

၇၂ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ ဒုတိယကမ္ဘာစစ် စစ်နိုင်ခြင်းအခမ်းအနားကို တက်ရောက်လာသော ရုရှားစစ်ပြန်များအားတွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၁၁ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် နှင့် အစ္စရေးနိုင်ငံဝန်ကြီးချုပ် ဘန်ဂျမင်နက်တန်ယာဟု တို့နှစ်ဦး၏ မေလ ၁ဝရက်က ပြုလုပ်သော ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုအတွင်း ဒုတိယကမ္ဘာစစ် ရလဒ်အပေါ် ခုခံကာကွယ်သွားကြရန် ကတိပြုခဲ့ကြကြောင်း ကရင်မလင်နန်းတော်က ဆိုသည်။

ဒုတိယကမ္ဘာစစ်တွင် ခက်ခဲသောအောင်မြင်မှုအတွက် ၇၂ နှစ်မြောက် ဆိုဗီယက်ပြည်ထောင်စု၏ ဒုတိယကမ္ဘာစစ် စစ်နိုင်ခြင်းအခမ်းအနားအပေါ် ရုရှားပြည်သူများ နှင့် ရုရှားသမ္မတ ဗလာတီမာပူတင်တို့အား ဂုဏ်ယူဝမ်းမြောက်ကြောင်း နက်တန်ယာဟုက ပြောကြားခဲ့သည်ဟု ကရင်မလင်နန်းတော်ထုတ်ပြန်ချက်အရ သိရသည်။

နာဇီတပ်ဖွဲ့ဝင်များအပေါ် အပြီးသတ်အောင်မြင်မှု ရယူရန် ဆိုဗီယက်ပြည်ထောင်စု၏ အဆုံးသတ်ပူးပေါင်းပါဝင်မှု နှင့် ဒုတိယကမ္ဘာစစ်ရလဒ်အပေါ် ပြန်လည်သုံးသပ်ခြင်းကို ဆက်လက်ဆန့်ကျင်သွားကြရန် ရုရှား နှင့် အစ္စရေး နှစ်နိုင်ငံစလုံးက သဘောတူညီခဲ့ကြသည်။

ထို့ပြင် ပူတင် နှင့် နက်တန်ယာဟု တို့က လူမျိုးတုံးသတ်ဖြတ်မှု ငြင်းဆိုချက်ကိုလည်း ကန့်ကွက်ခဲ့ကြကြောင်း ကရင်မလင်အဆိုအရ သိရသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး ၊ ဆီးရီးယားအကျပ်အတည်း နှင့် အရှေ့အလယ်ပိုင်း အခြေအနေရပ်များအပေါ် ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသည်။

မေလ ၁၁ ရက်တွင် သမ္မတပူတင်သည် ပါလက်စတိုင်းသမ္မတ မာမွတ်အတ်ဘတ်စ် နှင့် ရုရှားနိုင်ငံ Sochi မြို့၌ တွေ့ဆုံရန် မျှော်လင့်ထားသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.