Connect with us

Eastern Europe

ဆီးရီးယားအရေး အဖြေရှာရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး နှင့် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးတို့ဖုန်းဆက်ဆွေးနွေး

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov (ဝဲ ) နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တီလာဆန် (ယာ ) တို့ အားတွေ့ ရစဉ် (ဆင်ဟွာ)

မော်စကို ၊ မေ ၆ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး တီလာဆန်တို့သည် မေလ ၅ ရက်က တယ်လီဖုန်း ဆက်သွယ်ဆွေးနွေးမှုအတွင်း ဆီးရီးယားအရေးအဖြေရှာရန် ပြောဆိုခဲ့ကြောင်း ရုရှားနိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

အကြမ်းဖက်မှု တိုက်ဖျက်ရေးကိုတိုးမြှင့်လုပ်ဆောင်သွားရန် ၊ အပစ်အခတ်ရပ်စဲရေးဖြင့် တည်ငြိမ်ရေးကို လုပ်ဆောင်သွားရန် နှင့် တင်းမာမှုအခြေအနေများကို လျှော့ချရန် တို့အတွက် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြကြောင်း နှင့် ဆီးရီးယားတွေ့ဆုံဆွေးနွေးရေးလုပ်ငန်းစဉ်အတွက် ပြင်ပအထောက်အပံ့များ ကူညီသွားရေး အကြောင်းတို့ကိုဆွေးနွေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် Lavrov နှင့် တီလာဆန် တို့သည် အနာဂတ်ကာလ ရုရှား-အမေရိကန် အပြန်အလှန်ဆက်သွယ်နိုင်ရေးသဘောတူညီမှု ၊ နှစ်နိုင်ငံ အရေးကိစ္စရပ်များ နှင့် ဒေသတွင်းဆိုင်ရာ အရေးကိစ္စရပ်များအပေါ် ထိတွေ့ဆက်ဆံသွားရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင် နှင့် အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်တို့ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးမှုပြုလုပ်ပြီးသုံးရက်အကြာ မေလ ၅ ရက်တွင် ယခုကဲ့သို့နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် ဆီးရီးယား ပဋိပက္ခများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဖုန်းဆက် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဆီးရီးယားနိုင်ငံတွင် ပစ်ခတ်တိုက်ခိုက်မှု မပြုလုပ်ရေးဇုန် ၄ခုကို ဖန်တီးသွားရန် ကာဇန်စတန်နိုင်ငံ Astana မြို့၌ ပြီးခဲ့သော မေလ ၄ ရက်က တူရကီ ၊ အီရန် ၊ ရုရှား နှင့် ပြည်တွင်းစစ်ဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံတို့က နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပြီး နိုင်ငံရေးအရ အဖြေရှာသွားရန် သဘောတူခဲ့ကြသည်။

မေလ ၆ ရက်တွင် တရားဝင် စတင် အသက်ဝင်မည့် ဆီးရီးယားနိုင်ငံအတွင်းရှိ ပစ်ခတ်တိုက်ခိုက်မှုမပြုလုပ်ရေးဇုန် နယ်မြေအတွင်း စစ်လေယာဉ်ပျံသန်းမှုများကို မေလ ၁ ရက်နေ့ကတည်းက ရပ်စဲထားခဲ့ပြီးဖြစ်ကြောင်း ရုရှားနိုင်ငံ စစ်ဦးစီးချုပ် က မေလ ၅ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.