Connect with us

Eastern Europe

ရုရှားနိုင်ငံ၌ ဘတ်စ်ကားတိမ်းမှောက်မှုကြောင့်လူ ၇ ဦးသေ ၊ ၃၁ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံ၌ ဇန်နဝါရီ ၃ ရက်က တိမ်းမှောက်သွားသော ဘတ်စ်ကားအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ ဖေဖော်ဝါရီ ၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ မော်စကိုမြို့တော်နှင့်ထိစပ်နေသည့် ကလူဂါ (Kaluga) ဒေသတွင် ဘတ်စ်ကားတစ်စင်းသည် ချောက်ထဲသို့ပြုတ်ကျပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦးသေဆုံးပြီး အခြား ၃၁ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း TASS သတင်းအေဂျင်စီက ဖေဖော်ဝါရီ ၃ ရက်တွင် ဖော်ပြခဲ့သည်။

ဒဏ်ရာရသူများထဲတွင် ကလေးငယ် ၂၃ ဦးပါဝင်ကြောင်း ၊ ဒဏ်ရာရသူများမှာ စိုးရိမ်ဖွယ်မရှိကြောင်း ကလူဂါဒေသ ဒုတိယအုပ်ချုပ်ရေးမှူး Gorobtsov ၏ ပြောကြားချက်ကို ကိုးကား၍ TASS သတင်းက ဆိုသည်။ ဘတ်စ်ကားယာဉ်မောင်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း ၊ ၎င်းက ရဲတပ်ဖွဲ့အားပြောကြားရာတွင် ဘတ်စ်ကားမှာ လမ်းချော်မှုဖြစ်ပွားခဲ့ပြီး ထိန်းချုပ်နိုင်စွမ်းမရှိဘဲ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

ရုရှားနိုင်ငံဝန်ကြီးချုပ် မတ်ဗီဒက် က ထိခိုက်ဒဏ်ရာရသူများကို လိုအပ်သောအကူအညီများပေးသွားရန် ကျန်းမာရေးဝန်ကြီးအား ညွှန်ကြားခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.