Connect with us

Europe

ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲက ဘက်ပေါင်းစုံကို နစ်နာစေမည်ဟု ပြင်သစ်သမ္မတက ပြောကြား

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) အား တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ )

ပဲရစ် ၊ မေ ၃၁ ရက်(ဆင်ဟွာ)

ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲခြိမ်းခြောက်မှုများသည် ကမ္ဘာ့ကုန်သွယ်ရေးဟန်ချက်ပျက်သည့်ပြဿနာအား ဖြေရှင်းရန် လုံးဝအထောက်အကူမပြုနိုင် ကြောင်း ၊ နိုင်ငံတကာအသိုင်းအဝိုင်း၏ဘက်ပေါင်းစုံပါဝင်ဆောင်ရွက်မှုဖြင့် ကုန်သွယ်ရေးပွတ်တိုက်မှု စသည့် ကမ္ဘာလုံးဆိုင်ရာ ပြဿနာများကို ရင်ဆိုင်အဖြေရှာရမည်ဖြစ်ကြောင်း ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron )က မေလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။

မေလ ၃၀ ရက် ပဲရစ်တွင် ကျင်းပသည့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron ) က ကိုယ်ကျိုးစီးပွားကာကွယ်မှုနှင့် ကုန်သွယ်ရေးစစ်ပွဲခြိမ်းခြောက်မှုများသည် ရေတိုကာလတွင် အကောင်းလက္ခဏာများရှိနိုင် သော်လည်း ကမ္ဘာ့ကုန်သွယ်ရေး ဟန်ချက်ပျက်မှု၊ ကုန်သွယ်ရေး မညီမျှမှုပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ကြောင်း၊ ကုန်သွယ်ရေးစစ်ပွဲသည် ဘက်ပေါင်းစုံနစ်နာမည့် စစ်ပွဲသာဖြစ်ကြောင်း ၊ ယခုကာလ များတွင် ကုန်သွယ်ရေးစစ်ပွဲ စတင်မည့်သူများကလည်း ကုန် ဈေးနှုန်းတက်ခြင်း၊ အလုပ်လက်မဲ့ အရေအတွက်များလာခြင်းစသည့် ဆိုးကျိုးများကို တွေ့မြင်နေ ရပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ၎င်းက ကမ္ဘာ့ကုန်သွယ်ရေးသည် နှစ်ဦးနှစ်ဖက်တည်းပါဝင်သည့် သက်ဆိုင်သည့် ကုန်သွယ်ရေးမျိုးမဟုတ်တော့ကြောင်း၊ ဥပမာ ဖုန်းအနောက်မှာ ကယ်လီဖိုးနီးယားက ဒီဇိုင်းရေးဆွဲပြီး တရုတ်နိုင်ငံက ထုတ်လုပ်သည်ဟု ရေးထားတာကို တွေ့ရသော်လည်း ဖုန်းအစိတ်အပိုင်းပစ္စည်းများက ဥရောပတိုက်က ထုတ်လုပ်ကောင်းထုတ်လုပ်ပါလိမ့်မည်၊ အလားတူပင် ယနေ့ခေတ် ကုန်ပစ္စည်းများ သည် ကမ္ဘာ့နိုင်ငံအသီးသီးက အတူပူးပေါင်း ထုတ်လုပ်ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့်ဖွံ့ဖြိုးရေးကောင်စီ ဝန်ကြီးအဆင့်အစည်းအဝေးကို မေ ၃၀ ရက်တွင် ပဲရစ်၌ကျင်းပခဲ့ရာ အမေရိကန်၊ ဗြိတိန်၊ ဂျပန်နှင့် ဥရောပသမဂ္ဂ(EU)စသည့် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်း၏ကိုယ်စားလှယ်များပါဝင် တက်ရောက်ခဲ့ကြပြီး အပြန်အလှန်နားလည်လက်ခံမှုများဖြင့် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ခြင်းဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.