Connect with us

Europe

ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ဘာစီလိုနာအသင်း၏ အမေရိကန်ခရီး မက်ဆီ လွဲချော်ရန်ရှိ

အာဂျင်တီးနား ဘောလုံးကစားသမား လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

ဘာစီလိုနာ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနား ဘောလုံးကြယ်ပွင့် လီယွန်နယ်မက်ဆီ (Lionel Messi) သည် သြဂုတ်လ ၅ ရက်က ၎င်း၏ ပထမဆုံး လေ့ကျင့်ချိန်တွင် ညာဘက်ခြေသလုံး ဒဏ်ရာရရှိခဲ့သဖြင့် အနားယူရန်နှင့် မကြာမီကစားမည့် Series A တွင် နာပိုလီအသင်းနှင့် ယှဉ်ပြိုင်ရမည့်ပွဲအား လွဲချော်မည် ဖြစ်ကြောင်း သိရသည်။

“မက်ဆီက သူ့ညာဘက်ခြေထောက် မသက်သာတဲ့အတွက် ဒီကစားပွဲနဲ့လွဲချော်ရမှာဖြစ်ပါတယ်” ဟု ဘာစီလိုနာကလပ်အသင်း၏ ကြေညာချက်တွင် ဖော်ပြထားသည်။ မက်ဆီက မည်သည့်အချိန်တွင် ပြန်လည် ကစားနိုင်မည်ကိုမူ ကလပ်က ပြောကြားထားခြင်းမရှိပေ။

မက်ဆီက “အမေရိကန်မှာရှိတဲ့ ပရိသတ်တွေနဲ့အတူ ကျွန်တော်အသင်းမှာရှိချင်ခဲ့တာပါ။ ဒါပေမဲ့ ဒီအကြိမ်တော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့တွေ မကြာခင် ဆုံတွေ့ကြမှာပါ” ဟု ၎င်း၏ စိတ်ပျက်နေမှုကို လူမှုမီဒီယာ၌ ဖော်ပြထားသိရသည်။

ဘာစီလိုနာအသင်းအနေဖြင့် အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် မီယာမီဂါဒင်းမြို့၌ သြဂုတ်လ ၈ ရက်တွင် လည်းကောင်း၊ မီချီဂန်ပြည်နယ် အန်းအာဘာမြို့တွင် သြဂုတ်လ ၁၀ ရက်တွင်လည်းကောင်း၊ နာပိုလီအသင်းနှင့် သြဂုတ်လ ၇ ရက်နှင့် ၁၀ ရက်နေ့များတွင် လည်းကောင်း၊ အက်သလန်တစ် ဘီလ်ဘာအိုအသင်းနှင့် သြဂုတ်လ ၁၇ ရက်တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားရန် လျာထားကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.