Connect with us

Europe

ဂရိ နိုင်ငံ တောမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၇၄ ဦး အထိ ရောက်ရှိလာပြီး တစ်နိုင်ငံလုံး ၃ ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် ကျင်းပ


အေဒင် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ဂရိ နိုင်ငံပိုင် သတင်းဌာန ၏ ထုတ်ပြန်ချက်အရ ဂရိ နိုင်ငံ ၌ တောမီးလောင်မှုကြောင့် သေဆုံးသူပေါင်း ၇၄ ဦး အထိ ရောက်ရှိလာပြီး လူပေါင်း ၂၀ ခန့် ပျောက်ဆုံးနေကြောင်း သိရှိရသည်။

သတင်း ဖော်ပြချက်အရ တောမီးလောင်မှုကြောင့် လူပေါင်း ၁၈၇ ဦး ဒဏ်ရာရရှိခဲ့ပြီး ၎င်းသို့ အနက် ၁၀ ဦး မှာ အသက် အန္တရာယ် စိုးရိမ်ရကြောင်း သိရှိရသည်။

ဂရိ နိုင်ငံ ဝန်ကြီးချုပ် Alexis Tsipras က ဇူလိုင်လ ၂၄ ရက် ၌ ရုပ်မြင်သံကြား မှ တစ်ဆင့် ယင်းနေ့ မှ စတင်၍ ဂရိ နိုင်ငံ တွင် တောမီးလောင်မှုကြောင့် သေဆုံးသူများအား ရည်စူး၍ ဝမ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက် ကြာ ပြုလုပ်မည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ဂရိ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်မှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂရိ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်မှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂရိ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်မှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂရိ နိုင်ငံ တွင် ဖြစ်ပွား ခဲ့သည့် တောမီးလောင်မှုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဂရိ နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက်အရ တောမီးလောင်မှုကြောင့် သေဆုံးမှု အများဆုံး ဖြစ်ပွား ခဲ့သည့် နေရာ မှာ ဂရိ နိုင်ငံ အရှေ့ပိုင်းရှိ မြို့ နှစ် မြို့ ဖြစ်ကြောင်း ၊ မီးလောင်မှု ဖြစ်ပွားသည့် နေရာ တွင် မီးစများ ကျန်ရှိနေသောကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ နှေးကွေးနေကြောင်း ၊ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု စတင်လာချိန် နှင့် တပြေးညီ သေဆုံးဒဏ်ရာရရှိမှု စာရင်း မှာလည်း တိုးမြင့် လာနိုင်ကြောင်း သိရှိရသည်။

ဇူလိုင်လ ၂၃ ရက် တွင် ဂရိ နိုင်ငံ အနောက်ပိုင်း ၊ အရှေ့မြောက်ပိုင်း နှင့် အရှေ့ပိုင်း ရှိ သစ်တော များတွင် တောမီးလောင်မှုများ ဖြစ်ပွား ခဲ့ပြီး ဒေသတွင်း နေထိုင်သူ များက တောမီးလောင်မှုကြောင့် တိမ်းရှောင် ခဲ့ကြရသည်။ ဂရိ နိုင်ငံ မီးသတ် တပ်ဖွဲ့ ၏ စာရင်း ပြုစုချက်အရ ဂရိ နိုင်ငံ တွင် အပူချိန် မြင့်တက်မှု နှင့် လေပြင်း တိုက်ခတ်မှုများ ကြောင့် ၂၃ ရက် နှင့် ၂၄ ရက် အတွင်း ဂရိ နိုင်ငံ ဒေသ အသီးသီး တွင် မီးလောင်မှုပေါင်း ၄၇ ခု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.