Connect with us

Europe

ထိုင်းနိုင်ငံရှိ ဂူကယ်ဆယ်ရေးအဖွဲ့ဝင် သြစတြေးလျနိုင်ငံသားများကို ရဲရင့်ခြင်းဆုတံဆိပ်များ ချီးမြှင့်

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိခဲ့သူများကို ကယ်ဆယ်ခဲ့ရာတွင် ပါဝင်သည့် သြစတြေးလျနိုင်ငံသားများအား ဆုတံဆိပ်နှင့်အတူ တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံရှိ ဂူအတွင်း ပိတ်မိခဲ့သော ဘောလုံးသမား ၁၂ ဦးနှင့် ၎င်းတို့၏ နည်းပြ ၁ ဦးတို့အား ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်သည့် သြစတြေးလျနိုင်ငံသား ၉ ဦးအား ဇူလိုင်လ ၂၅ ရက်က သူရဲကောင်းဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကန်ဘာရာတွင် ပြုလုပ်သည့် ကယ်ဆယ်ရေးအဖွဲ့ဝင် ၉ ဦးအား ရဲရင့်ခြင်း ဆုတံဆိပ်ပေးအပ်ပွဲသို့ အုပ်ချုပ်ရေးမှူး ဗိုလ်ချုပ် Peter Cosgrove တက်ရောက်ခဲ့သည်။

သြစတြေးလျနိုင်ငံ အနောက်ပိုင်း Perth မြို့အခြေစိုက် မေ့ဆေးဆရာဝန် Richard Harris နှင့် ၎င်း၏ ရေငုပ်ဖက် Craig Challen တို့သည် ထိုင်းနိုင်ငံ ထမ့်လွမ်လိုဏ်ဂူမှ တောဝက်ဘောလုံးအသင်းသားများ လွတ်မြောက်ရေးတွင် ၎င်းတို့ပါဝင်ရသည့် အခန်းကဏ္ဍအတွက် သြစတြေးလျနိုင်ငံ၏ ရဲစွမ်းသတ္တိဆိုင်ရာ ဒုတိယအမြင့်ဆုံးဆုဖြစ်သော ရဲစွမ်းသတ္တိကြယ်ပွင့်ဆု ချီးမြှင့်ခြင်းခံခဲ့ရသည်။

ကယ်ဆယ်ရေးအဖွဲ့တွင် ပါဝင်ရန် အားလပ်ရက်ခရီးအား စွန့်လွှတ်ခဲ့သူ Harris သည် အဆိုပါ ဘောလုံးသမားလေးများ၏ ကနဦး ကျန်းမာရေး အကဲဖြတ်ဖို့ ဦးစီးလုပ်ဆောင်ခဲ့ပြီး ထို ကလေးငယ်များအား ဂူအတွင်း ရေဖုံးလွှမ်းနေသည့် အပိုင်းမှ မည်သို့ ဘေးကင်းစွာ ကယ်ထုတ်လာနိုင်မည်ကို အာဏာပိုင်များအား အကြံပြုခဲ့သည်။

ထို့ပြင် ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းတွင် ပါဝင်ခဲ့သည့် သြစတြေးလျ ပြည်ထောင်စုရဲတပ်ဖွဲ့ (AFP) အထူးပြန်ကြားရေးအဖွဲ့ဝင် ၆ ဦးသည်လည်း ရဲရင့်ခြင်းဆု (Bravery Medal) ချီးမြှင့်ခြင်းခံခဲ့ရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.